Published_ 22 October 2023

လူတစ်ဦးကို ၆ - ၁၀ စက္ကန့်မျှ စကားပြောရုံဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိမရှိ ရှာဖွေနိုင်မယ့် ဉာဏ်ရည်တုနည်းပညာကို တွေ့ရှိထားပါတယ်။

Klick Labs မှ လေ့လာထားတာဖြစ်ပြီး အမျိုးသမီးတွေမှာ ရောဂါရှာဖွေတွေ့ရှိမှု တိကျနှုန်း ၈၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေမှာ ၈၆ ရာခိုင်နှုန်းရှိပါတယ်။

ဆီးချိုရှိသူတွေနဲ့ မရှိသူတွေကြား အသံပိုင်းကွာခြားသွားပုံကို လေ့လာတာဖြစ်ကြောင်း သုတေသနပြုစုသူ ဂျေစီကော့ဖ်မန်းက ပြောပြခဲ့ပါတယ်။

လက်ရှိရောဂါရှာဖွေနည်းလမ်းတွေက အချိန်၊ ကုန်ကျစရိတ်၊ သွားလာရေးတွေမှာ အကုန်အကျ များပြားပါတယ်။

အသံနည်းပညာကတော့ ထိုအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။

သုတေသီတွေက လူပေါင်း ၂၆၇ ယောက်ကို ဆန်းစစ်ခဲ့ကြပါတယ်။

အသံဆန်းစစ်နည်းပညာက လူတွေရဲ့သာမန်နားနဲ့ မကြားနိုင်တဲ့ အသံနှုန်းတွေကို ဖမ်းယူနိုင်ပါတယ်။

အသံနည်းပညာက ဆီးချိုရောဂါနဲ့ အခြားရောဂါများကို ရှာဖွေရာမှာ အသုံးဝင်နိုင်ပုံကို လေ့လာကြတာဖြစ်ကြောင်း Klick မှ စစ်ဆေးရေးမှူး ယန်ဖော့ဆက်က ဆိုပါတယ်။

အသံနည်းပညာက လူတိုင်းအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ်ပစ္စည်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အသုံးဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

နောက်တစ်ဆင့်ကတော့ စမ်းသပ်ချက်ကို ထပ်ပွားပြီး သွေးတိုးနဲ့ အခြားရောဂါများ ရှာဖွေနိုင်ဖို့ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Source: New York Post
#World_Science
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group