Published 21 October 2023

ဗာဒံနို့ဟာ နွားနို့အစားထိုး ပစ္စည်းတစ်ခုဖြစ်ပြီး ဗာဒံသီးတွေကို ရေနဲ့ရောကာ အရည်ညှစ်ယူရတာ ဖြစ်ပါတယ်။

ဗာဒံနို့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး လက်တို့စ်နဲ့ ကိုလက်စ်ထရောလ် မပါဝင်ကာ ကယ်လိုရီနည်းပါးပါတယ်။

အိမ်မှာပင် ပြုလုပ်နိုင်သလို ဝယ်ယူရရှိနိုင်တဲ့ ဗာဒံနို့သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
 
(၁) ကယ်လ်စီယမ်၊ ဗိုက်တာမင်အီး၊ အိုမီဂါ၃ ဖက်တီးအက်ဆစ်တို့လို အာဟာရဓာတ်များ ပါဝင်ပါတယ်။
 
(၂) ပြည့်ဝဆီနဲ့ ကိုလက်စ်ထရောလ် နည်းပါးတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။
 
(၃) ကယ်လိုရီနည်းပါးစွာ ပါဝင်ကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ ပါဝင်တာကြောင့် ကိုယ်အလေးချိန် ထိန်းရာမှာ ကူညီပေးပါတယ်။
 
(၄) ကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီ ပါဝင်တာကြောင့် အရိုးကိုကြံ့ခိုင်စေပါတယ်။
 
(၅) ဗိုက်တာမင်အီးက ဓာတ်တိုးခြင်းကို ဆန့်ကျင့်ကာ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးတာကြောင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
 
(၆) ဗာဒံနို့က လက်တို့စ်ကင်းဝေးပြီး အစာခြေရလွယ်ကူတာကြောင့် လက်တို့စ်မတည့်သူတွေ၊ အစာခြေပြဿနာ ရှိသူတွေအတွက် သင့်လျော်ပါတယ်။
 
(၇) သွေးတွင်းသကြားဓာတ်ကို မြန်ဆန်စွာ မတက်စေတာကြောင့် ဆီးချိုလူနာတွေနဲ့ သွေးတွင်းသကြားဓာတ် ထိန်းတဲ့သူတွေအတွက် သင့်လျော်စေပါတယ်။
 
(၈) ကြွက်သားဖွံ့ဖြိုးခြင်းနဲ့ ပြုပြင်ခြင်းအတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်များ ပါဝင်တာကြောင့် ကြွက်သားတည်ဆောက်နေတဲ့ သူတွေ ရွေးချယ်သင့်ပါတယ်။
 
(၉) ဗိုက်တာမင်အီး ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးပါတယ်။
 
(၁၀) အိုမီဂါ၃ ဖက်တီးအက်ဆစ်က ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးကာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။
 
အိမ်မှာ ဗာဒံနို့ပြုလုပ်မယ်ဆိုရင်
-        ဗာဒံသီးအစိမ်းကို ရေထဲမှာ တစ်ညခန့်စိမ်ထားပါ။

-        ရေစစ်ပါ။

-        ဗာဒံသီးတွေကို ကြိတ်စက်ထဲမှာ ရေနဲ့ရောပြီး ညက်သွားတဲ့အထိ ကြိတ်ပါ။

-        အမှုန်ဖတ်များကို ဇကာတစ်ခုခုဖြင့် စစ်ထုတ်လိုက်ပါ။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group