Published 08 October 2023 

 
ရင်သားကင်ဆာဆိုတာဟာ ရင်သားဆဲလ်တွေကနေ အစပြုကာ နို့ရည်ပြွန်တွေနဲ့ နို့ထုတ်လုပ်ရာ ဂလင်းတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ 
 
ရင်သားကင်ဆာ ဖြစ်နိုင်ချေများစေတဲ့ အကြောင်းအရင်းများစွာ ရှိနေပြီး ထိုအချက်တွေကို သိရှိထားခြင်းဖြင့် ရင်သားကင်ဆာကို ကာကွယ်ရာမှာ အထောက်အကူ ဖြစ်စေမှာပါ။ 
 
(၁) အသက်အရွယ် 
အသက် ၅၀ နောက်ပိုင်းမှာ ရင်သားကင်ဆာ ပိုမိုဖြစ်နိုင်ကာ အသက်ကြီးရင့်လာတာကို ကာကွယ်လို့မရပေမယ့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် စောစီးစွာ သိရှိအောင် ပြုလုပ်နိုင်ပါတယ်။ 
 
(၂) မျိုးရိုးလိုက်ခြင်း 
မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူတွေ၊ မျိုးဗီဇပြောင်းလဲမှုအချို့ ရှိသူတွေမှာ ဖြစ်နိုင်ချေများပါတယ်။ 
 
(၃) ကင်ဆာနေရာပျံ့ပွားခြင်း 
ရင်သားတစ်ဖက်မှာ ကင်ဆာဖြစ်ပွားတယ်ဆိုရင် နောက်တစ်ဖက်မှာ ကင်ဆာဖြစ်လာနိုင်ချေ များသလို ကင်ဆာအသစ်လည်း ဖြစ်ပွားနိုင်ချေ များပါတယ်။ 
 
(၄) ကျား/မ 
ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဓိကဖြစ်ပွားလေ့ရှိသလို အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေ အပြောင်းအလဲ ဖြစ်လာပြီဆိုရင် သတိထားသင့်ပါတယ်။ 
 
(၅) အီစထရိုဂျင်ထိတွေ့မှု 
ဘဝတလျှောက် အီစထရိုဂျင်နဲ့ ထိတွေ့နေရတာဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ များစေပါတယ်။ 
စောစီးစွာ အပျိုဖော်ဝင်ခြင်း၊ နောက်ကျမှ ဓမ္မတာသွေးဆုံးခြင်း၊ ကလေးမမွေးဖူးခြင်း၊ အသက် ၃၀ နောက်ပိုင်းမှ ပထမကလေးယူခြင်း၊ ဟော်မုန်းအစားထိုးကုသခြင်းတို့ ပါဝင်နေပါတယ်။ 
 
(၆) ရင်သားတစ်ရှူးများ သိပ်သည်းခြင်း 
ရင်သားတစ်ရှူး သိပ်သည်းခြင်းကြောင့် ရင်သားကင်ဆာ တွေ့ရှိဖို့ပိုမိုခက်ခဲစေပါတယ်။ 
 
(၇) ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ အဝလွန်ခြင်း 
ပျင်းရိလေးလံတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်များခြင်းတို့ကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများစေပါတယ်။ 
 
(၈) အရက်သေစာ သောက်သုံးခြင်း 
အယ်လ်ကိုဟောကို အလွန်အကျွံ သောက်သုံးပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေများစေပြီး လျှော့ချသောက်သုံးခြင်း၊ ရှောင်ရှားခြင်းတို့ဖြင့် ရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ 
 
(၉) ဓာတ်ရောင်ခြည်ထိတွေ့ခြင်း 
ငယ်စဥ်အခါက ရင်ဘတ်နေရာကို ဓာတ်ရောင်ခြည် ထိတွေ့ဖူးပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ များစေပါတယ်။ 
Source: DoctorNDTV. 
#World_Health
#YMG #Yangon_Times #Yangon_Media_Group