၈ အောက်တိုဘာ ၂၀၂၃

ပါလက်စတိုင်း အစ္စလမ်မစ်အုပ်စု ဟားမတ်က အောက်တိုဘာ(၇)ရက်စနေနေ့တွင်  နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် အစ္စရေးကို တိုက်ဂါဇာနှင့်အစ္စရေးတို့တွင် လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုင်ငံတွင် စစ်ဖြစ်နေပြီဖြစ်ပြီး ပြင်းထန်စွာပြန်လည်တိုက်ခိုက်မည်ဟု ပြောခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအပေါ် ကမ္ဘာတစ်လွှားမှ အမျိုးမျိုးတုန့်ပြန်ခဲ့ကြပါတယ်။ အနောက်နိုင်ငံအများစု၊ယူကရိန်းနှင့် အိန္ဒိယတို့က  အစ္စရေးကို တိုက်ခိုက်မှု အပေါ်ရှုတ်ချလိုက်ကြပြီး အစ္စရေးနှင့်အတူတကွစည်းလုံးစွာ ရှိကြရန်ပြောဆိုခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း အီရန်လို နိုင်ငံတွေက ဂုဏ်ယူစရာစစ်ဆင်ရေးအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။ ကာတာကလည်း အကြမ်းဖက်မှုတွေအရှိန်မြင့်တင်လာမှုမှာ အစ္စရေးကသာ တာဝန်ရှိတယ်လို့ ပြောလာပါတယ်။

ပါလက်စတန်းစစ်သွေးကြွအုပ်စုက ဂါဇာကမ်းမြောင်မှ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျဉ်ပေါင်း ၅၀၀၀ ကျော်ကို ပစ်လွှတ်တိုက်ခိုက်ခြင်းဖြင့် Al-Aqsa Flood စစ်ဆင်ရေးကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒုံးကျည်ပေါင်း ၁၅၀လောက်နှင့် အဓိကမြို့တဲလ်အဗစ်အပါအဝင် အစ္စရေးအလယ်ပိုင်းကို တိုက်ခိုက်ခံရတယ်လို့ စနေနေ့ညနေပိုင်းမှာ အစ္စရေးမီဒီယာတွေက သတင်းရေးသားကြပါတယ်။

ဟားမတ်ခေါင်းဆောင် အစ်စ်မေးလ်ဟန်ညီယတ်က  ဂါဇာမှာ စတင်ခဲ့တဲ့တိုက်ခိုက်မှုကို အနောက်ဘက်ကမ်းခြေနှင့်ဂျေရုစလင်အထိ ချဲ့သွားမယ်လို့ ပြောပါတယ်။ “ ဒါဟာ ကျွန်တော်တို့ရဲ့ရန်သူ၊သူ့စစ်သားတွေနှင့်အခြေချနေထိုင်သူတွေအပေါ် မနက်ခင်းအနိုင်ယူမှုနှင့် အရှက်ခွဲမှုတစ်ရပ်ဖြစ်တယ်” လို့ ပြောပါတယ်။

“ ဒီနေ့ဖြစ်ခဲ့တာတွေဟာ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ပြင်ဆင်မှုကို ထုတ်ဖော်ပြတာဖြစ်တယ်။ ရန်သူရဲ့အားနည်းချက်ကိုထုတ်ပြတာဖြစ်တယ်” လို့လည်း သူကဆက်ပြောပါတယ်။

အစ္စရေးထဲ ကုန်းကြောင်း၊ပင်လယ်ရေကြောင်းနှင့်လေကြောင်းကနေ ပါရာဂလိုက်ဒါတွေ အသုံးပြုပြီး ဝင်လာကာ ဒုံးကျယ်တွေအများအပြားပစ်ခတ်ခဲ့တဲ့ ဂါဇာစစ်သွေးကြွတွေကို သူတို့တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

အစ္စရေးနိုင်ငံအတွင်းက ၂၂ နေရာမှာ ရာပေါင်းများစွာသော ပါလက်စတိုင်းစစ်သွေးကြွတွေနှင့်  တိုက်ပွဲတွေဖြစ်နေတယ်လို့ အစ္စရေးက ပြောပါတယ်။ ဟားမတ်ရဲ့တိုက်ခိုက်မှုတွေထဲ ပြင်းထန်တဲ့ မြေပြင်ကျူးကျော်တိုက်ခိုက်မှဒလည်းပါဝင်တယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ အစ္စရေးနိုင်ငံသားများခင်ဗျား ကျွန်တော်တို့စစ်ဖြစ်နေပါပြီ” လို့ ပထမဆုံးမှတ်ချက်စကားပြောကြားပြီး Swords of Iron စစ်ဆင်ရေး အတွက် အောင်နိုင်ဖို့ ညီညွတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီအပြင် ဒီလိုအဖြစ်မျိုးဘယ်တုန်းကမှမရှိခဲ့ဘူး။ ဘယ်တော့မှလည်းထပ်အဖြစ်မခံဘူးလို့ပြောပါတယ်။ ဟားမတ်ရဲ့ စွမ်းရည်တွေကို ဖျက်ဆီးပစ်ဖို့ အစ္စရေးကာကွယ်ရေးတပ်တွေဟာ ရှိသမျှစွမ်းအားတွေအကုန်ထုတ်သုံးမယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ အင်အားအပြည်နှင့်နေရာအနှံ့စစ်ဆင်ရေးတွေလုပ်မှာဖြစ်တာကြောင့်ဂါဇာကနေ ဒေသခံတွေ ထွက်ခွာပေးဖို့ သူကပြောခဲ့ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘားက “ သူ့နိုင်ငံပြည်သူတွေအနေနှင့် အခြေချသူတွေနှင့် သိမ်းပိုက်ထားတဲ့တပ်တွေရဲ့အကြမ်းဖက်မှုတွေကို ခုခံဖို့ အခွင့်အရေးအပြည့်ရှိတယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  အစ္စရေးနှင့် ဂါဇာမှာ သေဆုံးသူတွေဟာ ၄၀၀ ကျော်သွားပြီဖြစ်ပါတယ်။

Source WION