Published 25 September 2023
အူလမ်းကြောင်း ဘက်တီးရီးယားတွေနဲ့ ကျန်းမာရေးအခြေအနေကြား ပတ်သက်နေပုံကို လတ်တလောနှစ်တွေမှာ သုတေသနပြုထားပါတယ်။
အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပရီဘိုင်အိုတစ်နဲ့ ပရိုဘိုင်အိုတစ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။
ပရီဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေကို လေ့လာပြီးနောက် ပမာဏများစွာ ပါဝင်တဲ့ အရာတွေကတော့ ဒုဓလီပန်း၊ ပဲပိုးတီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီတို့ ဖြစ်ပါတယ်။
အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေမှာ ပရိုဘိုင်အိုတစ် ကြွယ်ဝပြီး အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးကြောင်း အမေရိကန် ဆေးဝါးနဲ့ အစားအစာကွပ်ကဲရေးမှ ပြောကြားထားပါတယ်။
ကောင်းကျိုးပြု ပိုးမွှားများထွက်ရှိစေပြီး အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများက ထင်ထားတာထက်ပိုပြီး ကောင်းကျိုးပြုပါတယ်။
အချဥ်ဖောက်အစားအစာတွေမှာ ပါဝင်တဲ့ ပရိုဘိုင်အိုတစ်တွေက ကောင်းကျိုးပြု ဘက်တီးရီးယားများ ပါဝင်ပြီး အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကို သက်သာစေကာ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးပါတယ်။
မှားယွင်းယူဆနေကြတာက ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်း ဘက်တီးရီးယားများ ဖွဲ့စည်းခြင်းကို သိသိသာသာ မပြောင်းလဲပေးပါဘူး။
ဒီပြောင်းလဲမှုကို ပရီဘိုင်အိုတစ်တွေက ပြုလုပ်ပေးတာဖြစ်ပြီး အူလမ်းကြောင်းရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများ ပွားများလာအောင် ပြုလုပ်ပေးပါတယ်။
ပရီဘိုင်အိုတစ် အများဆုံးပါဝင်တဲ့ အစားအစာပေါင်း ၈ ထောင်ကျော်ကို လေ့လာခဲ့ကြပါတယ်။
ပရီဘိုင်အိုတစ် အများဆုံးပါဝင်နေတာကတော့ ဒုဓလီ၊ ပဲပိုးတီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီတို့ ဖြစ်ပါတယ်။
ထိုစားစရာတွေက တစ်ဂရမ်မှာ ပရီဘိုင်အိုတစ်ပါဝင်မှု ၁၀၀ - ၂၄၀ မီလီဂရမ်ရှိပါတယ်။
ပရီဘိုင်အိုတစ် အနည်းဆုံးပါဝင်တာကတော့ နို့ထွက်ပစ္စည်းတွေနဲ့ အသားတွေ ဖြစ်ပါတယ်။
တစ်နေ့တာ အနည်းဆုံးလိုအပ်တဲ့ ပရီဘိုင်အိုတစ်တွေ ရရှိရန် ကြက်သွန်နီဥတဝက်၊ ကြက်သွန်ဖြူ ၆ - ၇ မွှာ၊ ကြက်သွန်မြိတ် ၄ ပုံ ၁ ပုံ၊ ဒုဓလီခွက်တဝက်၊ ပဲပိုးတီ ၄ ပုံ ၁ ပုံခန့် စားသုံးရန် လိုအပ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times