#World_Health
Published 14 September 2023


မနက်စာက တစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်တဲ့ စားသောက်မှုတစ်ခုဖြစ်ပြီး  မနက်စာ မစားဘူးဆိုရင် တစ်နေ့တာလှုပ်ရှားမှုတွေကို ထိခိုက်စေလောက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

 

မနက်စာကို အာဟာရညီညွတ်စွာ ပြည့်ဝအောင် စားသုံးမယ်ဆိုရင် တစ်နေ့တာအတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

မနက်စာ မစားဖြစ်ဘူးဆိုရင် နောက်ထပ်နောက်ထပ် ဆာလောင်နေမှာဖြစ်ပြီး ပိုမိုစားသုံးဖြစ်မှာ ဖြစ်ပါတယ်။

 

ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ကိုယ်အလေးချိန် တက်လာစေမှာ ဖြစ်ပါတယ်။



မနက်စာကို မဖြစ်မနေ စားသုံးသင့်တဲ့ အကြောင်းအရင်း ၃ ခုကို အာဟာရပညာရှင် ရူဂျူတာဒီဝယ်ကာက အင်စတာဂရမ်မှာ မျှဝေသွားပါတယ်။


 
(၁) ကိုယ်အလေးချိန်ကျစေရန် ကူညီပေးခြင်း

 

မနက်စာ မစားဘူးဆိုရင် နေ့လယ်စာနဲ့ ညစာစားတဲ့အခါ ကယ်လိုရီတွေ ပိုမိုစားသုံးဖြစ်မှာ ဖြစ်ပါတယ်။

 

မနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးမယ်ဆိုရင်တော့ တစ်နေ့တာအတွက် ကယ်လိုရီကို ဖြန့်ဝေသွားမှာဖြစ်ပြီး ကိုယ်အလေးချိန်ချရာမှာ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။


 
(၂) မကောင်းတဲ့ကယ်လိုရီများ မစားသုံးမိစေရန်ကာကွယ်ခြင်း

 

မနက်စာ မစားတဲ့သူတွေက ညဘက်မှာ ပိုမိုဆာလောင်တတ်ပြီး အာဟာရတန်ဖိုးမရှိတဲ့ အစားအစာ ကယ်လိုရီတွေ ပိုမိုစားသုံးမိတတ်ပါတယ်။


 
(၃) ဆာလောင်သဖြင့် စိတ်ဆိုးဒေါသထွက်ခြင်းကို တားဆီးပေးခြင်း

 

လုံလောက်စွာ မစားသုံးရသဖြင့် ဒေါသထွက်တာမျိုး မဖြစ်ရအောင် မနက်စာကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပါတယ်။


#World_Health #မနက်စာ #မဖြစ်မနေစားသုံးသင့်
Source: NDTV