Published_ 8 August 2023

အမေရိကန်အရှေ့ပိုင်းမှာ လေဆင်နှာမောင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများကြွေကျခြင်းတို့ ဖြစ်နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ သတိပေးထားတာကြောင့် ဝါရှင်တန်ဒီစီဒေသရှိ အမေရိကန်အစိုးရရုံးများကို တနင်္လာနေ့အစောပိုင်းက ပိတ်ထားလိုက်ပါတယ်။

လျင်မြန်စွာရွေ့လျားနေတဲ့ မိုးကြိုးမုန်တိုင်းများနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲကာ မယ်ရီလန်းနဲ့ ဗာဂျီးနီးယားတို့ရှိ နေအိမ်များနဲ့ လုပ်ငန်းနေရာ ၂ သိန်းနီးပါးမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း PowerOutage.us ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အတ္တလန္တိတ်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်များမှာ လူပေါင်း ၈ သိန်းလောက်အထိ လျှပ်စစ်ဓာတ်အား ဆုံးရှုံးနေပါတယ်။

မိုးရွာပြီး မိုးသီးအနည်းငယ်ကျဆင်းနေပေမယ့် မြို့တော်မှာတော့ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီလို့ အမျိုးသားမိုးလေဝသ လေဆင်နှာမောင်းစောင့်ကြည့်ရေးမှ ဒေသစံတော်ချိန် ည ၉ နာရီမှာ ပြောကြားခဲ့ပါတယ်။

ကမ်းရိုးတန်းရေလွှမ်းမိုးမှုဆိုင်ရာ အကြံပြုချက်ကတော့ နံနက် ၄ နာရီမတိုင်ခင်အထိ ဝါရှင်တန်မှာ သက်ရောက်နေပါသေးတယ်။

အလာဘားမားမှ နယူးယော့ခ်အနောက်ပိုင်းအထိ လူပေါင်း ၂၉.၅ သန်းကျော်ဟာ တနင်္လာနေ့မှာ လေဆင်နှာမောင်းအန္တရာယ် ရှိနေခဲ့ပေမယ့် ည ၉ နာရီအထိ ဘာသတင်းမှ မကြားခဲ့ရပါဘူး။

မိုးကြိုးမုန်တိုင်းများကြောင့် နယူးယော့ခ်၊ ဝါရှင်တန်၊ ဖီလာဒယ်ဖီယာ၊ အတ္တလန္တာ၊ ဘော်လ်တီမိုးတို့မှ လေဆိပ်တွေမှာ ထွက်ခွာမယ့်လေယာဉ်များကို အစိုးရလေကြောင်းစီမံခန့်ခွဲရေးမှ အမိန့်ပေးညွှန်ကြားထားပါတယ်။

လေယာဉ်များကို မုန်တိုင်းနားကနေ အတတ်နိုင်ဆုံး လမ်းကြောင်းပြောင်းပေးထားကြောင်း ကြေညာခဲ့ပါတယ်။

ဝါရှင်တန်တဝိုက်ရှိ စာကြည့်တိုက်များ၊ ပြတိုက်များ၊ အမျိုးသားဥယျာဉ်၊ ရေကူးကန်များ၊ အခြားမြူနီစီပယ်နဲ့ ဖက်ဒရယ်ဝန်ဆောင်မှုများကိုလည်း စောစောပိတ်ခဲ့ရပါတယ်။

အစိုးရဝန်ထမ်းများအနေနဲ့ ညနေ ၃ နာရီထက် နောက်မကျဘဲ ထွက်ခွာရမယ်လို့ အမေရိကန်ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုရုံးက ဆိုပါတယ်။

အမေရိကန်မှ လေကြောင်းခရီးစဉ်ပေါင်း ၂,၆၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး နောက်ထပ်ခရီးစဉ်ပေါင်း ၇,၇၀၀ ကြန့်ကြာနေတယ်လို့ လေကြောင်းခြေရာခံဆိုက် FlightAware က ပြောပြခဲ့ပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times