ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက သူသည် နိုင်ငံရေးမှအနားယူတော့မည်ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့ပါတယ်။သူဟာ စစ်တပ်အာဏာသိမ်းပြီး အာဏာရယူခဲ့ပြီး ၉နှစ်အကြာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူဟာ ယာယီအားဖြင့်တော့ အုပ်ချုပ်ပေးမယ်လို့လည်း ကတိပေးပြောကြားပါတယ်။

စစ်တပ်ကျောရိုးပြုထားတဲ့ ယူနိုက်တက်ထိုင်းနေရှင်းပါတီဟာ  မေ ၁၄ ရက်ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀၀မှာ ၃၆ နေရာသာရရှိခဲ့ပြီးနောက် သူဒီလိုကြေညာမယ်လို့ တော်တော်များများက မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ နောက် အစိုးရဖွဲ့ပြီးသည်အထိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိနေဦးမှာပါ။

တပ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဘုရင်စနစ်ကို အခိုင်အမာယုံကြည်ထားတဲ့သူဟာ ၂၀၁၉ရွေးကောက်ပွဲမှာပါလီမန်က သူ့ကိုဝန်ကြီးချုပ်အဖြစ် မရွေးခင်အထိ  စစ်အစိုးရကို ဦးဆောင်ခဲ့ပါတယ်။

သူဟာ အောင်မြင်မှုများစွာရရှိခဲ့တယ်ဆိုတဲ့အချက်အပေါ် အသက် ၆၉နှစ်အရွယ် ပရာရွတ်က ငြင်းဆိုခဲ့ပါတယ်။

“ ကျွန်တော်ဟာ ဝန်ကြီးချုပ်အဖြစ်နှင့် ချစ်မြတ်နိုးရဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်၊ဘာသာနှင့် ဘုရင်စနစ်ကို ကာကွယ်ပေးခဲ့ပါတယ်။  ရလာဒ်ဟာ လက်ရှိမှာ ပြည်သူတွေအတွက် အသီးအပွင့်ဖြစ်ထွန်းနေပါပြီ” လို့ သူက ပြောပါတယ်။

“ကျွန်တော်ဟာ နိုင်ငံရဲ့ ဒေသအားလုံး တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကိုတိုးမြှင့်ဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ပြည်တွင်းနှင့် နို်ငံတကာ အတားအဆီးတော်တော်များများကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်” လို့ သူကဆက်ပြောပါတယ်။

ကိုးနှစ်တာကာလအတွင်း သူဟာ တရာရုံးအမှု၊အောက်လွှတ်တော်အယုံအကြည်မရှိအဆိုမဲခွဲမှုတွေနှင့် အတိုက်အခံတွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေများစွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ပါလီမန်အသစ်က  မသေချာမရေရာတဲ့ ရလာဒ်ထွက်နိုင်တဲ့ ဝန်ကြီးးချုပ်အသစ်ရွေးချယ်ဖို့ စီစဉ်နေစဉ်မှာ သူအနားယူမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Source Reuters

#Thailand_Politics

#Prayuth Chan-ocha