#World_Health
Published 9 July 2023


ပူအိုက်တဲ့ကာလတွေ ပြီးသွားတဲ့နောက် မုတ်သုံမိုးရောက်လာကာ အပူသက်သာလာပေမယ့် စိုထိုင်းဆများတဲ့ အရေပြားရောဂါများ အဖြစ်များလာပါတယ်။

 

အဖြစ်အများဆုံး အရေပြားရောဂါအချို့က မှိုပိုးမွှားကူးစက်ခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း၊ ရေကျောက်၊ ရေယုန်၊ နှင်းခူတို့ ဖြစ်ပြီး မှိုနဲ့ဘက်တီးရီးယားကူးစက်မှုတွေက အဖြစ်အများဆုံးဖြစ်ပါတယ်။

 

Tinea cruris: လိင်အင်္ဂါအရေပြား၊ ပေါင်အတွင်းပိုင်း၊ တင်ပါးတို့မှာ ယားယံခြင်း။

 

Tinea corporis: dermatophyte မှိုအမျိုးအစားကြောင့် ခန္ဓာကိုယ်အတွင်း မှိုကူးစက်ခြင်း။

 

Tinea pedis: ခြေထောက်မှာဖြစ်တဲ့ မှိုကူးစက်ခြင်း။

 

မိုးရာသီမှာ အဖြစ်များတဲ့ ဘက်တီးရီးယားကူးစက်မှုကတော့ မွှေးညင်းပေါက်များရောင်ရမ်းပြီးဖြစ်တဲ့ အရေပြားရောဂါပဲ ဖြစ်ပါတယ်။

 

အစိုဓာတ်နဲ့ စိုထိုင်းဆများဟာ မှိုပေါက်ဖွားနိုင်ပြီး ချည်သားအထည်များကိုသာ ဝတ်ဆင်သင့်ကာ ဂျင်းလိုမျိုး ထူထဲတာတွေကို ရှောင်ရှားသင့်ကြောင်း ဒေါက်တာ'ဗီချီထရာရှာမာ'က ပြောကြားလိုက်ပါတယ်။

 

ချိုင်း၊ ရင်သားအောက်၊ ပေါင်အတွင်းသား၊ ဒူးနောက်ဘက်တို့မှာ ချွေးထွက်များတာကြောင့် မကြာခဏ အဝတ်အထည် လဲပေးသင့်ပါတယ်။

 

မှိုကူးစက်တဲ့အခါ ထိုနေရာကိုမကုတ်ဘဲ ထားရမှာဖြစ်ကြောင်း၊ ကုတ်လိုက်မိရင် လက်သည်းမှာပါ မှိုကူးစက်လာမှာဖြစ်ကြောင်း၊ မိုးရာသီမှာ လက်သည်းတွေကို ညှပ်ပေးသင့်ကြောင်း ဒေါက်တာရှာမာက အကြံပြုလိုက်ပါတယ်။

 

စတီးရွိုက်ခရင်မ်တွေက မှိုကူးစက်မှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် လုံးဝရှောင်ရှားသင့်ပါတယ်။

 

အစာအိမ်ဆေးက မှိုရောဂါပျောက်ဆေးတွေရဲ့ အာနိသင်ကို လျော့စေနိုင်တာကိုလည်း သိထားသင့်ပါတယ်။

 

ခေါင်းလျှော်ပြီးရင် ချက်ချင်းမစည်းသေးဘဲ ရေခြောက်အောင်လုပ်ပြီးမှ စည်းပါ။



သဘက်၊ ဦးထုပ်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တို့ကို မကြာခဏလျှော်ပေးပါ။

 

အလှပြင်ဆိုင် ဆံပင်ညှပ်ဆိုင်သွားတဲ့အခါ သူတို့ရဲ့ပစ္စည်းကိရိယာတွေကို သန့်စင်ခိုင်းပါ။

 

ပိုးကူးစက်နိုင်တဲ့လူဆိုရင် ဆံကေသာဆီ၊ ခန္ဓာကိုယ်လိမ်းဆီတို့ မသုံးပါနှင့်။

 

မှိုကူးစက်ရောဂါ ကုသနေတယ်ဆိုရင် ကူးစက်မှုမပျောက်ခင်အထိ ဆက်သုံးနေရပါမယ်။

 

ကူးစက်မှုက အလွန်နက်နဲသွားတယ်ဆိုရင် ပြန်ဖြစ်တတ်တာကြောင့် ထိုအခါကျရင် ပိုပြီးကုသရခက်ခဲသွားပါတယ်။

 

#Source: India Today #World_Health #မုတ်သုံရာသီအတွင်းမှိုရောဂါကူးစက်မှု
#Yangon_Times