#World_Health
Published 7 July 2023


နာကျင်ကိုက်ခဲခြင်းများ ကင်းဝေးပြီး ကျန်းမာသန်စွမ်းနေစေရန် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ကျန်းမာတဲ့အစားအစာ စားခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။


ဒါပေမဲ့ နောက်ထပ် မထင်မှတ်ထားတဲ့ အချက်ကတော့ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းပါပဲ။


ပေးကမ်းလှူဒါန်းခြင်း၊ လုပ်အားပေးခြင်း၊ ကြင်နာမှုပြခြင်းစတဲ့ ကောင်းမှုလုပ်ရပ်တွေက ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်ခံအားမြှင့်တင်ပေးကာ အသက်ရှည်စေပါတယ်။


လေ့လာချက်များအရ နာတာရှည်နာကျင်ကိုက်ခဲခြင်း ခံစားနေရသူ ၈၅ ရာခိုင်နှုန်းလောက်မှာ စိတ်ဓာတ်ကျခြင်းလည်း ခံစားရတတ်ပါတယ်။


ကျန်းမာရေးကဏ္ဍအမျိုးမျိုးမှာ ရေရှည်စစ်ဆေးရန်အတွက် လူပေါင်း ၄၈,၀၀၀ ထံမှ အချက်အလက်များကို သုတေသီများ လေ့လာခဲ့ကြပါတယ်။


စမ်းသပ်ခံသူ ၃ ပုံ ၂ ပုံခန့်က ကောင်းမှုအတွက် ငွေကြေးလှူဒါန်းခဲ့ကြကာ ၅ ယောက်မှာ ၁ ယောက်နှုန်းကတော့ လုပ်အားပေးခဲ့ကြပါတယ်။


နှစ်မျိုးစလုံးပြုလုပ်သူတွေမှာတော့ အကျိုးကျေးဇူး အများဆုံးရရှိတာကို တွေ့ခဲ့ကြပါတယ်။


လုပ်အားပေးလုပ်တဲ့အခါ လှုပ်ရှားမှုကြောင့် အင်ဒေါ်ဖင်ဟော်မုန်းထွက်စေပါတယ်။


ထိုဟော်မုန်းက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး စိတ်အခြေအနေကို မြှင့်တင်ပေးပါတယ်။

 

၂၀၁၃ ခုနှစ်လေ့လာချက်အရ ကူညီလေ့ရှိတဲ့ အသက် ၅၅ နှစ်အထက် လူတွေဟာ အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း ၂၄ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း တွေ့ရှိထားပါတယ်။


လူမှုပေါင်းသင်းရေးအပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အဆစ်အမြစ်များ လှုပ်ရှားခြင်းတို့ ပြုလုပ်ပေးနေသင့်ပါတယ်။


ကြင်နာတတ်ခြင်းကလည်း ဖိစီးမှုဟော်မုန်းကို လျှော့ချပေးကာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။


ကောင်းမှုပြုလုပ်နေသူကို မြင်နေရရုံဖြင့်ပင် သင်ကိုယ်တိုင်ရောဂါဘယကူးစက်မှုတွေကို တိုက်ဖျက်နိုင်အောင် စွမ်းဆောင်စေနိုင်ပါတယ်။


ဒါပေမဲ့ သူများကိုကြည့်နေတာထက် ကိုယ်တိုင် ကောင်းမှုပြုလုပ်ရင်တော့ ပိုပြီးအကျိုးရှိပါတယ်။


#World_Health #ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း
#Source:_Daily_Mail #Yangon_Times