#World_Health
Published 7 July 2023


တဲလ်အေဗစ်တက္ကသိုလ်မှ သုတေသီများက ပထမဆုံးအကြိမ်အဖြစ် တိရိစ္ဆာန်တွေရဲ့ ကင်ဆာအကျိတ်ထဲသို့ ဆေးတစ်ချက်ထိုးကာ ကင်ဆာဆဲလ်များ ၄၄ - ၆၀ ရာခိုင်နှုန်းအထိ လုံးဝအပြီးတိုင် ပျောက်ကွယ်စေခဲ့ပါတယ်။

 

နည်းပညာအသစ်ဖြင့် ကင်ဆာဆဲလ်တွေကို နောက်ဆုံးမှာသေစေမယ့် အဆိပ်သင့်ပရိုတိန်းတွေ ထုတ်လုပ်ဖို့ ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

 

ဘက်တီးရီးယားက ထုတ်လုပ်တဲ့ အဆိပ်ကို mRNA မော်လီကျူးများအဖြစ်သို့ ပြောင်းလဲပေးကာ ကင်ဆာဆဲလ်တွေဆီ တိုက်ရိုက်ပေးပို့စေခဲ့ရာ ဆဲလ်တွေကနေ အဆိပ်ကိုထုတ်ပေးပြီး အံ့ဩလောက်စရာ အောင်မြင်မှုနှုန်းဖြင့် ကင်ဆာဆဲလ်များကို သတ်ပစ်နိုင်ခဲ့ပါတယ်။

 

ကင်ဆာကုထုံးများဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားရန် နည်းလမ်းများပေါ်ပေါက်လာကြောင်း သုတေသီများက ဆိုပါတယ်။

 

အထင်ရှားဆုံးကတော့ ဘိုတောက်စ်ကုသမှုတွေမှာ ထိုးသွင်းတဲ့ ဘော်ကျူလီနမ်အဆိပ်ဖြစ်ပါတယ်။

 

နောက်တစ်မျိုးကတော့ ဓာတုကုထုံးဖြစ်ပြီး မော်လီကျူးငယ်တွေ သွေးစီးကြောင်းကနေ ဖြတ်သန်းပို့ဆောင်ပေးပြီး ကင်ဆာဆဲလ်များကို ထိရောက်စွာ သတ်ပစ်တာပဲ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဆိုးကျိုးကတော့ ဓာတုကုထုံးဟာ ကင်ဆာဆဲလ်ရော ကျန်းမာတဲ့ဆဲလ်တွေပါ သတ်ပစ်တာပါပဲ။

 

ယခုနည်းလမ်းကတော့ ကင်ဆာဆဲလ်တွေဆီ စိတ်ချရတဲ့ mRNA မော်လီကျူးတွေကို တိုက်ရိုက်ပို့ဆောင်ပေးကာ အဆိပ်ပရိုတိန်း ထုတ်လုပ်ပေးပြီး သတ်ပစ်လိုက်တာဖြစ်ပါတယ်။



mRNA မော်လီကျူးတွေကို လစ်ပစ်နာနိုအမှုန်များဖြင့် ထုပ်ပိုးကာ ကင်ဆာဆဲလ်များဆီ သွားရောက်ဖို့ လမ်းညွှန်ပေးပါတယ်။

 

အကျိတ်အရင်းထဲ ဆေးတစ်ချက်ထိုးရုံနဲ့ ကင်ဆာဆဲလ်တွေ သေဆုံးပြီး ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်ခြင်းမရှိပါဘူး။

 

ကင်ဆာဆဲလ်တွေက ထိုနည်းလမ်းကို ခံနိုင်ရည်မရှိဘဲ အခြားသဘာဝအဆိပ်လည်း အသုံးပြုနိုင်ပါတယ်။

 

Source: The Jerusalem Post #World_Health
#Yangon_Times #ကင်ဆာဆဲလ်ကိုသတ်ပစ်နိုင်သည့်နည်းလမ်း