#World_Health
Published 4 July 2023


ကလေးတွေရော လူကြီးတွေအပါအဝင် ကမ္ဘာ့လူဦးရေအများစုမှာ သွားပိုးစားခြင်း၊ သွားပေါက်ခြင်းတို့ကို ကြုံဖူးကြသလို ဘဝတစ်သက်တာ တစ်ချိန်ချိန်မှာ ကြုံလာရနိုင်ပါတယ်။

 

ဒီလိုမဖြစ်အောင် သွားတိုက်ဆေးများ၊ ခံတွင်းသန့်ဆေးများ၊ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နိုင်သလို သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ သွားဆုံးရှုံးခြင်းတို့မှ ကာကွယ်ရန် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။

 

ဘီစင်ဒိုးလ်လို့ခေါ်ပြီး သဘာဝအတိုင်းတွေ့ရတဲ့ DIM မော်လီကျူးဟာ အညစ်အကြေးနဲ့ သွားပေါက်များဖြစ်စေတဲ့ ဇီဝအလွှာများကို ၉၀ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း ဘင်ဂူရီယန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၊ စီချွမ်တက္ကသိုလ်နဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်တို့မှ ပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။

 

ထိုမော်လီကျူးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိများရှိနေပါတယ်။

 

ခံတွင်းရောဂါပိုးဝင်ခြင်းအများစုက အဏုဇီဝပိုးမွှားများ မညီမျှခြင်းကြောင့်ဖြစ်ရပြီး လူတွေမှာ အဓိကကျန်းမာရေး ပြဿနာကြီးအဖြစ် ယူဆထားပါတယ်။

 

ပါးစပ်က S.mutans လိုမျိုး ဘက်တီးရီးယားများ ပေါက်ဖွားနေထိုင်ရာ နေရာဖြစ်ပြီး သွားအပေါက်ဖြစ်ရခြင်း အဓိကအကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ ယူဆထားပါတယ်။

 

အစာစားပြီးနောက် သွားကိုဖုံးအုပ်ထားတဲ့ အလွှာမှာ စိုစွတ်ပြီး အချိုဓာတ်ရှိတဲ့အခြေအနေမှာ ပေါက်ဖွားတတ်ပြီး ကြွေလွှာတွေကို ဖျက်ဆီးကာ သွားအပေါက်များ ဖြစ်စေနိုင်ပါတယ်။

 

သွားပိုးစားခြင်းကို ဖြစ်စေတဲ့ အခြေအနေကို ကုသဖို့အသုံးအများဆုံးနည်းလမ်းက ကလိုဟက်ဆီဒင်း၊ ဖလိုရိုက်၊ ဆီတိုင်းလ်ပိုင်ရီဒီနီယမ်ကလိုရိုက်တို့လို ပိုးသတ်ဆေးများပါဝင်တဲ့ သွားတိုက်ဆေးများ၊ ခံတွင်းသန့်စင်ဆေးများဖြင့် အသုံးပြုခြင်းတို့ ပါဝင်ပါတယ်။

 

DIM မော်လီကျူးက ဘက်တီးရီးယားများ ပျံ့ပွားခြင်းကို ၉၀ ရာခိုင်နှုန်းကာကွယ်ပေးတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

ခံတွင်းသန့်ရှင်းရေး သိသိသာသာတိုးတက်ရန်အတွက် သွားတိုက်ဆေးတွေနဲ့ ခံတွင်းသန့်စင်ဆေးတို့မှာ ထိုမော်လီကျူးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

 

ဒီစမ်းသပ်မှုကို ကုရှ်မယ်ရိုမှ ကျောင်းသား'ယီဖက်ဘာရုချ်'၊ ဒေါက်တာ'ကာရီနာဂိုလ်ဘာ့ဂ်'၊ စီချွမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ရောဘတ်မာ့ခ်စ်'၊ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ 'ကာရီနာယူဟောင်ဂျင်'တို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

Source: The Jerusalem Post