၂၅ ဇွန် ၂၀၂၃

သူပုန်ဝက်ဂနာကြေားစားတပ်အကြီးအကဲ ဟာ စနေနေ့က သူ့ရဲ့တပ်တွေပြန်ရုပ်သိမ်းသွားပြီးနောက် ရုရှားကထွက်ခွာပါ   လိမ့်မယ်။ ပြီးတော့ သူဟာ တရားစွဲဆိုမှုတွေနှင့်တော့ရင်ဆိုင်ရတော့မှာမဟုတ်ပါဘူးလို့ မော်စကိုကပြောပါတယ်။ ဒါဟာ  ရုရှားရဲ့ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးလုံခြုံရေးအကျပ်အတည်းကြီးတစ်ခုကနေ လွတ်မြောက်သွားတာ   ဖြစ်  ပါတယ်။

ဝက်ဂနာတပ်တွေဟာ ရုရှားတောင်ပိုင်းက ရုရှားတပ်ဌာနချုပ်တစ်ခုကို သိမ်းပိုက်ပြီး မြို့တော်မော်စကိုကို ခြိမ်းခြောက်ဖို့ မြောက်ဖက်ကို ဦးတည်လာနေတာနှင့်အတူ ဝက်ဂနာအကြီးအကဲ Yevgeny Prigozhin နှင့်ရုရှားစစ်တပ်  ထိပ်တန်းအရာရှိကြီးတွေအကြား ပြီးခဲ့တဲ့ရက်များအတွင်း အငြှိးအာဃာတတွေကနေ အကြမ်းဖက်မှုတစ်ခုကို ဦးတည်လာ  ခဲ့တာဖြစ်ပါတယ်။

ပရီဂိုဇင် Prigozhin တပ်တွေက နောက်ကြောင်းပြန်လှည့်ပြီး နာရီပိုင်းအကြားမှာပဲ သူဟာ ဘီလာရုစ်ကို ထွက်ခွာမှာဖြစ်ပြီး ရုရှားအနေနှင့်လည်း သူနှင့် သူ့တပ်ဖွဲ့ဝင်တွေကို ဘာတစ်ခုမှအရေးယူတော့မှာမဟုတ်ဘူးလို့ ကရင်မလင်ကကြေညာခဲ့တာပါ။

ရုရှားသမ္မတဗလာဒီမီယာပူတင်က ပြည်တွင်းစစ်ပွဲအတွက် သတိပေးခဲ့ပြီး မော်စကိုဒေသခံတွေက လမ်းတွေပေါ် မထွက်ကြဖို့ သတိပေးတာတွေ၊ယူကရိန်းကလည်း သူ့ရန်သူမှာပြဿနာမီးဝိုင်းနေတဲ့ အပေါ် ပျော်ရွှင်အောင်ပွဲခံနေ  တာတွေနှင့်  ပြီးခဲတဲ့တစ်ရက်လုံးက စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။

အဲဒီနောက် “ရုရှားမြို့တော်မှာ သွေးထွက်သံယိုတွေရှောင်ရှားဖို့ သူ့ရဲ့တပ်တွေဟာ နောက်ပြန်လှည့်ပြီး တပ်အခြေစိုက်  စခန်းတွေရှိရာ ပြန်သွားနေပြီလို့” ပရီဂိုဇင်က လုံးဝမမျှော်လင့်စရာ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်တဲ့အတွက် အကျပ်အတည်းကြီးက ရုတ်တရက်ကြီးပြောင်းလဲသွားပါတယ်။

ရုရှားရဲ့ယူကရိန်းထိုးစစ်မှာ သူ့တပ်တွေအစိတ်အပိုင်းတစ်ခုအဖြစ်ဦးဆောင်ခဲ့ပေမယ့် မော်စကိုစစ်တပ်ခေါင်းဆောင်မှုနှင့် သူ့အကြားရန်စတွေရှိခဲ့တဲ့ ပရီဂိုဇင်က သူ့အနေနှင့် လက်ရှိအနေအထားကိုနားလည်ပြီး ရုရှားတွေသွေးထွက်သံယို မဖြစ်စေလိုဘူးလို့ ပြောလိုက်ပါတယ်။

ဘီလာရုစ်ခေါင်းဆောင် အလက်ဇင်းဒါး လူကာရှင်ကိုက သူဟာ ပရီဂိုဇင်နှင့် အတိုက်အခိုက်ရပ်စဲဖို့ ဝင်ရောက်စေ့စပ်ညှိနှိုင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

သူ့အပေါ်စွဲဆိုထားတဲ့ ရာဇဝတ်မှုကိုရုပ်သိမ်းလိုက်ပါပြီ။သူဟာ ဘီလာရုစ်ကိုသွားပါလိမ့်မယ်လို့ ကရင်မလင်ပြောရေး ဆိုခွင့်ရ ဒီမစ်ထရီပက်စ်ကော့ဗ်က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ ဒီတပ်ပုန်ကန်မှုမှာပါဝင်ခဲ့တဲ့သူ့တပ်သားတွေ ကိုလည်း တရားမစွဲဘူးလို့  ပက်စ်ကော့ဗ်က ဆက်ပြောပါတယ်။

“ သွေးထွက်သံယိုမှု၊ ပြည်တွင်း ပဋိပက္ခတွေ ပြီးတော့ မှန်းမရတဲ့ ရလာဒ်တွေနှင့် ရင်ဆိုင်မှုတွေ ကို ရှောင်ရှားဖို့က အမြင့်မားဆုံးရည်မှန်းချက်ပဲဖြစ်တယ်” လို့ ပက်စ်ကော့ဗ်ကပြောပါတယ်။

Source all agencies news

#Wagnermercenaryforce

#Russiacrisis

#worldpolitics