#World_Health
Published 23 April 2023

ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ်ကူးစက်မှုပြန်အဖြစ်များလာချိန်မှာ ဆီးချိုရောဂါဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ လေ့လာချက်အသစ်တစ်ခု ပေါ်ထွက်လာပါတယ်။

 

ကပ်ရောဂါပျံ့ပွားတာ ၃ နှစ်ရှိလာသည့်တိုင်အောင် ကိုရိုနာဗိုင်းရပ်စ်က သက်ရောက်နေဆဲဖြစ်ပါတယ်။

 

ဗန်ကူဗာ ဗြိတိသျှကိုလံဘီယာရောဂါထိန်းချုပ်ရေးစင်တာနဲ့ စိန့်ပေါလ်ဆေးရုံတို့မှ သုတေသီများက SARS-Cov-2 ကူးစက်မှုကြောင့် ဆီးချိုရောဂါနဲ့ဆက်စပ်တာကို အဓိကလေ့လာခဲ့ကြပါတယ်။

လေ့လာချက်အရ SARS-CoV-2 ကူးစက်မှုဟာ ဆီးချိုရောဂါဖြစ်နိုင်ချေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ဆီးချိုရောဂါကို ပိုမိုပြင်းထန်တဲ့ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရလဒ်များနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ယခင်ရှိပြီးသားဆီးချိုလက္ခဏာများ ပိုမိုဆိုးရွားလာခြင်းနဲ့ ဆက်စပ်နေပါတယ်။

 

ကိုဗစ်ရောဂါပိုးရှိပြီး ဆီးချိုဖြစ်နိုင်ချေမြင့်မားတဲ့ လူ ၆၂၉,၉၃၅ ဦးကို သုတေသီများ စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။

 

လေ့လာချက်များအရ ကိုဗစ်ကူးစက်ခံထားရသူများဟာ ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်နိုင်ချေ မြင့်မားပြီး နောက်ထပ်ဆီးချိုဖြစ်ပွားသူတွေရဲ့ ၃ - ၅ ရာခိုင်နှုန်းလောက်က ကိုဗစ်ကြောင့်ဖြစ်တာလို့ ဖော်ပြထားပါတယ်။

 

SARS-CoV-2 ဗိုင်းရပ်စ်က အသက်ရှူစနစ်ကို အဓိကထိခိုက်တယ်လို့ သိရှိထားကြပေမယ့် အခြားအင်္ဂါစနစ်တွေလည်းထိခိုက်နိုင်ပြီး လတ်တလောနဲ့ နာတာရှည်နောက်ဆက်တွဲလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။

 

Source: India Today #World_Health #ဆီးချို #ကိုဗစ်ရောဂါကူးစက်ခြင်း
#YMG #Yangon_Media_Group