#World_Health
Published 25 February 2023

 

လူတွေပြုလုပ်ထားတဲ့ တာရှည်ခံဓာတုပစ္စည်းတွေနဲ့ထိတွေ့ခြင်းဟာ ကလေးတွေရဲ့ ဇီဝဖွံ့ဖြိုးမှုကို ပြောင်းလဲစေပြီး ရောဂါဘယများဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ပိုလီဖလိုရိုအယ်လ်ကိုင်း (PFAS)တွေကို အိမ်သုံးပစ္စည်းအမျိုးမျိုးမှာတွေ့ရပြီး သူတို့က ပြိုကွဲပျက်စီးရာမှာ အလွန်နှေးကွေးကာ လူ့ခန္ဓာကိုယ်ထဲနဲ့ ပတ်ဝန်းကျင်မှာ တိုးများလာနိုင်တာကြောင့် တာရှည်ခံဓာတုပစ္စည်းများလို့ သတ်မှတ်ပါတယ်။

 

လတ်တလောလေ့လာချက်အရ PFAS တွေဟာ သိုင်းရွိုက်လုပ်ဆောင်ချက်ကိုပါ ထိခိုက်စေပြီး ကလေးတွေအတွက် အလွန်စိုးရိမ်နေရပါတယ်။

 

PFAS ထိတွေ့ခံရပြီး သိုင်းရွိုက်ဟော်မုန်းလုပ်ဆောင်ချက်အပေါ် သက်ရောက်ပုံက အံ့အားသင့်ဖွယ်ဖြစ်ပြီး ဇီဝဖြစ်ပျက်မှုနဲ့ ကြီးထွားမှုတို့မှာ အရေးကြီးနေပါတယ်။

 

သိုင်းရွိုက်ဟော်မုန်းတွေက ကလေးတွေအရွယ်ရောက်စဉ်မှာ ဖွံ့ဖြိုးမှုအတွက်အရေးပါပြီး အင်္ဂါတစ်ရှူးတွေကြီးထွားရင့်ကျက်ရာမှာ အရေးပါပါတယ်။

 

သိုင်းရွိုက်လုပ်ဆောင်ချက်ထိခိုက်တဲ့အခါ ကလေးတွေမှာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ချေများလာနိုင်ပါတယ်။

 

စမ်းသပ်ချက်တွေမှာတော့ ဓာတုပစ္စည်းတစ်မျိုးတည်း ထိတွေ့မိတာမဟုတ်ဘဲ PFAS အမျိုးအစားတွေရောနှော ထိတွေ့ခဲ့ကြတာဖြစ်ပါတယ်။

 

ဒီဓာတုပစ္စည်းတွေက လူသားတွေရဲ့ကျန်းမာရေးမှာ ဘယ်လောက်အထိသက်ရောက်နေလဲဆိုတာကို စတင်သဘောပေါက်လာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးသိပ္ပံပရော်ဖက်ဆာ ဒေါက်တာ'လီဒါချက်ဇီ'က ဖော်ပြခဲ့ပါတယ်။

 

၁၉၃၀ ခုနှစ်တွေတုန်းက တာရှည်ခံဓာတုပစ္စည်းများကို စတင်ထုတ်ဖော်ခဲ့ကာ အိမ်သုံးပစ္စည်းတွေ၊ ထုပ်ပိုးမှုတွေ၊ မကပ်အိုးတွေမှာ တွေ့ရတတ်ပြီး အသည်းကင်ဆာဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒီဓာတုပစ္စည်းတွေက ခန္ဓာကိုယ်မှာ ဂလူးကို့စ်၊ သည်းခြေအက်ဆစ်၊ အမိုင်နိုအက်ဆစ်တွေ ဇီဝဖြစ်ပျက်ပုံကို အဟန့်အတားဖြစ်စေပြီး အဆီဓာတ်များ အန္တရာယ်ဖြစ်စေတဲ့အထိ စုပြုံလာစေပါတယ်။

 

#Source: New York Post #World_Health #YMG
#Yangon_Media_Group