#World_Politics
Published 20 February 2023

 

စစ်ပွဲမှာ ရုရှားတို့ရှုံးနိမ့်တာကို မြင်ချင်တယ်လို့ မှတ်ချက်ပြုခဲ့တဲ့ ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'ကို ရုရှားတို့က တနင်္ဂနွေနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

နပိုလီယံဘိုနာပတ်ရဲ့ ကံကြမ္မာကို အမှတ်ရနေဆဲဖြစ်ကာ ရုရှားနဲ့သံတမန်ရေးမှာ ပြင်သစ်သမ္မတက မရိုးသားဘူးလို့ ရုရှားတို့က စွပ်စွဲလိုက်ပါတယ်။

 

ယူကရိန်းနှင့်စစ်ပွဲမှာ ရုရှားကိုရှုံးနိမ့်စေချင်ပေမယ့် ဘယ်တုန်းကမှ ချေမှုန်းခံရခြင်းတော့ မဖြစ်စေချင်ဘူးလို့ မက်ခရွန်က Le Journal du Dimanche France ဂျာနယ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ပြင်သစ်ဆိုတာက မက်ခရွန်ကနေ အစပြုခဲ့တာမဟုတ်ကြောင်း၊ ပဲရစ်မြို့လယ်မှာ နပိုလီယံရဲ့ အမှတ်တရတွေ ကျန်နေတာကို ပြင်သစ်နဲ့ရုရှားတို့ နားလည်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က ပြောကြားလိုက်ပါတယ်။

 

သူ့ရဲ့ပြောကြားချက်တွေထဲမှာ ရုရှားအစိုးရပြောင်းလဲရေးအကြောင်း အနောက်နိုင်ငံများဆွေးနွေးရာမှာ ပါဝင်နေတယ်လို့ မြင်သာသလို မက်ခရွန်က ရုရှားခေါင်းဆောင်နဲ့လည်း တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းနဲ့ရုရှားကြား မက်ခရွန်ရဲ့မူဝါဒများနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စေမယ့်အကြောင်းအရာများ ထုတ်ပြန်ခဲ့တာကြောင့် နေတိုး(NATO) မဟာမိတ်အချို့က ဝေဖန်ခဲ့ကြကာ အချို့ဆိုရင် အနောက်တိုင်းမဟာမိတ်အဖွဲ့မှာ ပြင်သစ်က ချိတ်ဆက်မှုအားနည်းနေတယ်လို့ မြင်ကြပါတယ်။

 

မက်ခရွန်ဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ တိုးမြှင့်ရန် မဟာမိတ်များကိုတိုက်တွန်းခဲ့ပေမယ့်လည်း အစိုးရအပြောင်းအလဲကို မယုံကြည်ကြောင်း၊ တစ်ချိန်ချိန်မှာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ရုရှားရပ်တည်ချက်နဲ့ ပဋိပက္ခများ နှစ်ပေါင်းများစွာ တင်းမာခဲ့ပြီးနောက် ဒီမိုကရေစီနည်းကျဖြေရှင်းချက်တစ်ခု ထွက်လာမယ်လို့ မယုံကြည်ကြောင်း မက်ခရွန်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group