#World_Military
Published 17 February 2023

 

ဝေဟင်ရှိမည်သည့်အရာဝတ္ထုမဆို တိုင်းပြည်ကိုခြိမ်းခြောက်နိုင်တယ်လို့ ယူဆရပါက ပစ်ချရန်တွန့်ဆုတ်နေမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပစ်ချခဲ့တဲ့ အရာဝတ္ထု ၃ ခုဟာ တရုတ်နဲ့ မသက်ဆိုင်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

 

"ဒီအရာဝတ္ထု ၃ ခုက ဘာတွေလဲဆိုတာ သေချာမသိရသေးပါဘူး၊ အခုအချိန်မှာတော့ ဒါတွေဟာ တရုတ်စပိုင်ပူဖောင်းနဲ့ ဆက်စပ်နေတာမျိုး၊ အခြားတစ်နိုင်ငံမှ စောင့်ကြည့်ရေးယာဉ်တွေနဲ့ ဆက်စပ်နေတာမျိုးတော့ မတွေ့ရသေးပါဘူး" လို့ ဘိုင်ဒင်က ဆိုပါတယ်။

 

စပိုင်ပူဖောင်းအကြောင်းအရာကြောင့် အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုများမြင့်တက်နေခဲ့ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က အဖြူရောင်ရှိတဲ့ တရုတ်ပူဖောင်းဟာ အမေရိကန်လေပိုင်နက်မှာ ပျံသန်းနေတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်အာဏာပိုင်များက ထိုပူဖောင်းကို ရက်အနည်းငယ်ကြာအောင် ခြေရာခံစောင့်ကြည့်နေခဲ့ပြီး တိုက်လေယာဉ်ဖြင့် ပစ်ချခိုင်းခဲ့ပြီးနောက် ပူဖောင်းကိုခွဲခြမ်းစိတ်ဖြာရန် အပျက်အစီးကို လိုက်လံဆယ်ယူခဲ့ကြပါတယ်။

 

ဒါ့အပြင် အမေရိကန်ဟာ နောက်ထပ်အမျိုးအမည်မသိ အရာဝတ္ထု ၂ ခုကိုလည်း ပစ်ချခဲ့ရာ တစ်ပတ်အတွင်း ၃ ကြိမ်မြောက်ပစ်ချခဲ့ရတာဖြစ်ပါတယ်။

 

ထိုအရာဝတ္ထုတွေဟာ လေကြောင်းသွားလာရေးကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပစ်ချလိုက်ရန် စစ်တပ်ကိုအမိန့်ပေးခဲ့ကြောင်း၊ အရေးကြီးအဆောက်အအုံတွေ ထောက်လှမ်းခံရနိုင်တဲ့ အနေအထားမျိုးကို လွှတ်မထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

 

လက်ရှိအကဲဖြတ်မှုတွေအရ ဒီအရာဝတ္ထုတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေ၊ ရာသီဥတုသုတေသနလုပ်ငန်းတွေ၊ သိပ္ပံလေ့လာရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ သိရှိရပါတယ်။

 

Source: WION
#Yangon_Media_Group