#Local_News
Published_ 21 January 2023

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဇန်နဝါရီ ၁၉ ရက်တွင် မော်စကိုမြို့ရှိ မော်စကိုအစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ မော်စကိုမြို့အစိုးရအဖွဲ့၀န်ကြီး၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Sergey CHEREMIN နှင့် တွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ Mr. Vyacheslav MANUYLOV ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mr. Sergey BARATOV ၊ အကြီးတန်း ကျွမ်းကျင်သူ Mrs. Ekaterina GOLOVATSKAYA ၊ ပြဇာတ်ရုံများနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mrs. Polina LAPSHINA တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံးမှ တာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

 

တွေ့ဆုံရာ၌ မြန်မာနိုင်ငံနှင့် မော်စကိုမြို့အစိုးရတို့အကြား မြို့ပြဖွံ့ဖြိုးမှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အလားအလာများဆွေးနွေးခဲ့ကြပါတယ်။

 

ထို့ပြင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group