Published 20 January 2022

တောင်တရုတ်ပင်လယ်အတွင်း ပါဆယ်လ်ကျွန်းတွေအနား ရေထဲဝင်ရောက်လာတဲ့ အမေရိကန် စစ်သင်္ဘောတစ်စီးကို  တရုတ်တပ်တွေက နောက်ကလိုက်ပြီး ဝေးဝေးနေဖို့သတိပေးခဲ့ရတယ်လို့ တရုတ်စစ်တပ်က ကြာသပတေး နေ့က ပြောပါတယ်။ ဒါဟာ အငြင်းပွားနေတဲ့ ရေကြောင်းအတွင်း နောက်ဆုံးတင်းမာမှုတစ်ခုဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းနယ်ဝန်းစစ်ဌာနချုပ်က ပြောကြားရာမှာ USS Benfold ဟာ တရုတ် ရေပိုင်နက်ထဲကို ခွင့်ပြုချက်မရဘဲ တရားမဝင် ဝင်ရောက်လာတဲ့အတွက်  နိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ချိုးဖောက်တာဖြစ် ပြီး တရုတ်ရေတပ်နှင့်လေတပ်က အဲဒီသင်္ဘောနောက် မျက်ခြေမပြတ်လိုက်ခဲ့တယ်လို့ဆိုပါတယ်။

“ အမေရိကန်ဘက်အနေနှင့် ဒီလိုမျိုး ရန်လိုတဲ့လှုပ်ရှားမှုတွေကို ချက်ခြင်းရပ်တန့်ပစ်ဖို့ ကျွန်ုပ်တို့ လေးလေးနက်နက် တောင်းဆိုတယ်။ဒီလိုမဟုတ်ရင် ကြိုတင်မခန့်မှန်းနိုင်တဲ့ဖြစ်ရပ်တွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေခံစားရလိမ့်မယ်” လို့ တောင်ပိုင်းစစ်ဌာနချုပ်ကဖြည့်စွက်ပြောပါတယ်။

အမေရိကန်ရေတပ်က Benfold ဟာ  ပါဆယ်ကျွန်းအနီးဝန်းကျင်မှာ ရေကြောင်းသွားလာမှုဆိုင်အရာ အခွင့်အရေးနှင့် လွတ်လပ်မှုရှိတယ်” လို့ ပြောပါတယ်။

“ စစ်ဆင်ရေးအဆုံးတွင် USS Benfold ဟာ အလွန်အကျွံတောင်းဆို့မှုတွေကနေ ထွက်ခွာခဲ့တယ်။ပြီးတော့ တောင်တရုတ် ပင်လယ်မှာ စစ်ဆင်ရေးတွေဆက်လုပ်သွားမယ်” လို့ အမှတ်(၇) ရေတပ်ရဲ့ပြောရေးဆိုခွင့်ရ မာ့ခ်လန်ဖို့ဒ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တောင်ရုတ်ပင်လယ်မှာ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကိုအကြောင်းပြကာ ဒီလို လုပ်ဆောင်မှုတွေ မကြာခဏလုပ်နေခဲ့ပြီး တရုတ်ရဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုအပေါ် စိန်ခေါ်နေခဲ့ပါတယ်။

တရုတ်နှင့်အမေရိကန်တို့အကြား ကြွပ်ဆတ်နေတဲ့ ဆက်ဆံရေးရဲ့ ပေါက်ကွဲလုအခြေအနေတွေများစွာထဲမှာ တောင်တရုတ်  ပင်လယ်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ကျယ့်ပြန့်သောတစ်ခွင်ကို  သူ့ပိုင်နက်လို့ကြေညာထားပါတယ်။ ထိုင်ဝမ်၊ဗီယက်နမ်၊ မလေးရှား၊ဘရူနိုင်းနှင့် ဖိလစ်ပိုင်တို့ကလည်း သူတို့ပိုင်နယ်တွေလို့ ပြောဆိုနေကြပါတယ်။

Source Reuters