Published 16 January 2022

လည်ချောင်းနာခြင်းနှင့် နှာစေးခြင်းတို့ဟာ ကာကွယ်ဆေးထိုးထားပြီး အိုမီခရွန်ကူးစက်ခံရသူတွေထံအဖြစ်ပိုများနေ

သို့သော်အိုမီခရွန်လူနာတွေအဖျား၊ချောင်းဆိုးတာ၊အနံ့နှင့်အရသာပျောက်တာတွေသိပ်မတွေ့ရ

အိုမီခရွန်စတင်ပျံ့နှံတာနှင့် ဆရာဝန်တွေဟာ ယခင်မျိုးဗီဇကွဲတုန်းကလူနာတွေနှင့် ရောဂါလက္ခဏာအနည်းငယ်ကွဲပြားတာကို သတိထားမိခဲ့ကြပါတယ်။ အိုမီခရွန်ဟာ လည်ချောင်းနာတာ၊နှာချေတာနှင့်နှာစေးတာတွေစတဲ့ အအေးမိတဲ့ ရောဂါလက္ခဏာ  တွေနှင့်ဆင်တူနေပါတယ်။ ဒါ‌ပေမေယ့် ယခင်ကိုဗစ်-၁၉တုန်းကထင်ရှားတဲ့ ထူးခြားချက်တွေဖြစ်တဲ့ အဖျားရှိတာ၊ချောင်း ဆိုးတာ နှင့် အနံ့အရသာပျောက်တာတွေက သိပ်မရှိတာတွေ့ရပါတယ်။

“ အများဆုံးတွေ့ရတဲ့ အိုမီခရွန်ရဲ့ရောဂါလက္ခဏာတွေက အအေးပတ်တာနှင့် အတော်ကို့ဆင်တူတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးထားပြီးသူတွေ ကူးစက်ခံရရင်အဲဒါမျိုးပိုတွေ့ရတတ်တယ်” လို့ ဇိုး-ကိုဗစ်ရောဂါလက္ခဏာလေ့လာမှုနှင့် ပတ်သက်တဲ့ ပညာရှင် ဒေါက်တာကလဲယားစတိဗ်က မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ပြောပါတယ်။

ဇိုး-လေ့လာမှုဆိုတာ စမတ်ဖုန်းအက်ပလီကေးရှင်းတစ်ခုကိုအသုံပြုပြီး ဗြိတိန်တစ်လွှားက ထောင်ပေါင်းများစွာသောလူတွေက သူတို့နေ့စဉ်ဘယ်လိုခံစားကြရတယ်ဆိုတာ တင်ပြကြတာဖြစ်တယ်။ အဲဒါကြောင့် ကပ်ဘေးတလျောက် ကိုဗစ်ရဲ့ရောဂါ လက္ခဏာတွေ ဘယ်လိုပြောင်းလဲနေသလဲဆိုတာကို ပြည့်စုံကျယ်ပြန့်စွာ သိရှိနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့် သတိအထား မိဆုံးဖြစ်တဲ့ ဒယ်လ်တာနှင့် အိုမီခရွန်မျိုးဗီဇကွဲတွေနှင့်ပတ်သက်လို့ သိရှိနိုင်ကြပါတယ်။

ဇိုး-အက်ပလီကေးရှင်းက ကောက်ယူရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အိုမီခရွန်နှင့် ယင်းရဲ့ အရင် မျိုးဗီဇကွဲတွေရဲ့ ရောဂါလက္ခဏာနှိုင်းယှဉ်ချက်တစ်ခုကို ဇယားချပ်တစ်ခုဆွဲပြီးပူးတွဲဖော်ပြအပ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဗြိတိန်မှာ ကိုဗစ်ကူးစက်ခံရသူတွေအကြား အဖြစ်အမျာဆုံးရောဂါလက္ခဏာ(၅)မျိုးက နှာစေးခြင်း၊ခေါင်းကိုက်ခြင်း၊နွမ်းနယ်ခြင်း၊နှာချေခြင်းနှင့်လည်ချောင်းနာခြင်းတို့ပဲဖြစ်ပါတယ်။

အဲဒီအထဲက ၄၄ရာခိုင်နှုန်းက ဆက်တိုက်ချောင်းဆိုကြောင်းသတင်းပို့ပြီး ၂၉ရာခိုင်နှုန်းက အဖျားရှိကြောင်းပြောပါတယ်။ အနံ့နှင့် အရသာပျောက်ဆုံးမှုကတော့ တွေ့ရအတော်နည်းတယ်ဆိုတာကို နောက်ထပ် ဇယားကားချပ်တစ်ခုနှင့် ဖော်ပြအပ်ပါတယ်။

အခုအချက်အလက်တွေဟာ ကာကွယ်ဆေးထိုးပြီးသူတွေနှင့် မထိုးရသေးသူတွေလို့ ခွဲခြားမထားပေမယ့် ဗြိတိန်မှာ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေးကို အနည်းဆုံးနှစ်ကြိမ်ထိုးထားပြိးသားတွေဖြစ်ကြပါတယ်

Source Business Insider