Published 16 January 2022

လူတစ်ယောက်ဟာ သူ့ရဲ့ဦးခေါင်းကို ရထားကြိတ်ခံရပြီး သေဆုံးရမယ့်ဘေးက သီသီကလေးလွတ်မြောက်ခဲ့ရတဲ့ အခိုက် အတန့်ကလေးကို မြင်ရတာ နှလုံးသွေးရပ်သွားတော့မတတ် တုန်လှုပ်စရာပါ။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ဒါဒါရထားဘူတာရုံမှာ လူတစ်ဦးက ခုတ်မောင်းနေတဲ့ရထားတစ်စီးပေါ် တွယ်တက်ဖို့ကြိုးစားရင်း ချော်ထွက်ပြီး ဘူတာရုံပလက်ဖောင်းပေါ် ဦးခေါင်းစိုက်ပြီး ချော်လဲကျခဲ့ပါတယ်။

အဲဒီအခိုက်အတန့်ကလေးမှာ အင်မတန်လျင်မြန်ဖြတ်လတ်တဲ့ လုံခြုံရေးနှစ်ဦးက အဲဒီလူရှိရာ အပြေးရောက်သွားပြီး သူ့ကို ပလက်ဖောင်းပေါ်ကနေ တရွတ်တိုက်ဆွဲထုတ်ပြီးအသက်ကယ်ခဲ့တာဖြစ်ပါတယ်။

တုန်လှုပ်ချောက်ခြားနေကြတဲ့ ခရီးသည်တွေရဲ့ရှေ့မှာ ဇန်နဝါရီ၁၂ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီအခိုက်အတန့် ကယ်ဆယ်ပုံ မြင်ကွင်းကို စီစီတီဗွီ  ကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။

“ အားလုံးက ခဏကလေးအတွင်းဖြစ်ပျက်သွားတာ။ အဲဒီလူက ရထားရဲ့ပြတင်းပေါက်ကို တွယ်ပြီးလိုက်လာတာ။အဲဒီအချိန်မှာ သူ့ခြေထောက်က လွတ်ထွက်သွားပြီး ပလက်ဖောင်းပေါ်ပြုတ်ကျတာ” လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

သူ့ရဲ့ဦးခေါင်းက ခုတ်မောင်းနေတဲ့ရထားကြားထဲ ကွယ်ပျောက်နေပါတယ်။အဲဒါကြောင့် လုံခြုံရေးနှစ်ဦးက သူ့ကိုဆွဲထုတ်   ကယ်တင်တာ မလုပ်ခင်အထိ လူတွေက အတော်ဆိုးဆိုးရွားရွားကြီးဖြစ်ပြီလို့ ထင်မှတ်ထားကြတာဖြစ်ပါတယ်။

အဲဒီလူကြည့်ရတာ သတိလစ်နေပုံရတယ်။ ကံကောင်းတာက ဘာမှပြင်းပြင်းထန်ထန်မထိခိုက်တာပါ။ သူဟာ သေဖို့ နည်း နည်းကလေးအလိုမှာ သေဘေးကလွတ်လာတာ” လို့  သူကဆက်ပြောပါတယ်။

အဲဒီအမည်မသိသူကို ဆေးကုသမှုခံဖို့ မွမ်ဘိုင်းက ဂျေဂျေဆေးရုံကိုတင်လိုက်တယ်လို့သိရပါတယ်။

သည်းထိတ်ရင်ဖိုစရာ ရုပ်သံကြည့်ရန်

>>>https://t.me/yangonmediagroup/4237

Source Daily Mail