Published 15 January 2022
အသက်၃၀ကျော်အရွယ် အမည်မဖော်ပြတဲ့ အမေရိကန်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လက ကိုဗစ်ကူးစက်ခံရပြီးနောက် သူ့ရဲ့ အမျိုးသားလိင်အင်္ဂါဟာ ၁.၅လက်မ ကျုံ့သွားတယ်လို့ ပြောပါတယ်။ သူဟာ စလိတ်မဂ္ဂဇင်းရဲ့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပေါ့တ်ကတ်စ်နှင့်အသံလွှင့်တဲ့ လိင်ပိုင်းဆိုင်ရာ အမေးအဖြေအစီအစဉ်မှာ စာနှင့်ရေးသားမေးမြန်းခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်က နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ ပေါ့တ်ကတ်စ်မှာ သောတရှင်တစ်ဦးက ကိုဗစ်ကူးစက်ခံရပြီးနောက် သူ့ရဲ့ လိင်အင်္ဂါကျုံ့ခဲ့ရတာနှင့် ပတ်သက်လို့ မေးခွန်းတစ်ခုမေးမြန်းခဲ့တာပါ။ သူဟာကိုဗစ်ကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက် လိင်တံမာကျောမှုအခက်အခဲလည်းဖြစ်ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။
ဒါပေမယ့် အဲဒါကိုကုသခံပြီးနောက် အမြဲတမ်းပြောင်းလဲသွားတဲ့ကိစ္စတစ်ခုကို သူသတိထားမိလိုက်ပါတယ်။
“ ဒါဟာ ရှည်ကြာမယ့်ပြဿနာတစ်ခုဖြစ်မယ့်ပုံပဲ။ ကျွန်တော့်ပစ္စည်းက ကျုံ့သွားတယ်ဗျာ” လို့ သူကပြောပါတယ်။
“ ကျွန်တော်မဖျားခင်က ကျွန်တော်ဟာ ပျှမ်းမျှအရွယ်ရဲ့အထက်မှာရှိတယ်။သိပ်အကြီးကြိးတော့မဟုတ်ဘူး။ဒါပေမယ့် သာမန်တွေထက်တော့ ကြီးတယ်။ အခု ကျွန်တော် တစ်လက်မ လောက်သေးသွားတယ်။ အခုဆို သာမန်အရွယ်ထက် သိသိသာသာသေးသွားပြီ” လို့ သူကပြောပါတယ်။
ကိုဗစ်ဖြစ်ပြီးနောက် အမျိုးသားတွေရဲ့ လိင်တံမာကျောမှုပျက်စီးချို့ယွင်းတယ်ဆိုတဲ့ ကိစ္စတွေရှိလာခဲ့ပေမယ့် ယခုသူ့ကိစ္စက အဲဒါထက် အများကြီးပိုနေပါတယ်။
လိင်တံမာကျောမှုအခက်အခဲနှင့်ကိုဗစ်-၁၉ဆိုတဲ့ သုတေသနစာတမ်းကို ၂၀၂၁ခုနှစ်မတ်လက အီတလီက တက္ကသိုလ်ဝန်ကြီးဌာနရဲ့ အင်ဒရိုလော်ဂျီထဲမှာ ထုတ်ဝေတင်ပြထားခဲ့ပါတယ်။
သူတို့ဟာ အရာဝတ္ထုပေါင်း၁၀၀ကို စစ်ဆေးကြည့်ခဲ့တဲ့အခါ ကိုဗစ်-၁၉ကူးစက်ခံထားရသူတွေရဲ့အရာဝတ္ထုဟာ အခြားသူတွေထက် လိင်တံမာကျောမှုပြဿနာပိုရှိနေတယ်ဆိုတာတွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီ၁၀၀ဦးဟာ လိင်ပိုင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုရှိနေကြသူတွေဖြစ်ကြပြီး အဲဒီအထဲက ၂၅ဦးဟာ ကိုဗစ်ကူးစက်ခံရဖူးသူတွေ ဖြစ်ကြပါတယ်။
ကိုဗစ်ကူးစက်ခံခဲ့ဖူးသူတွေရဲ့ ၂၈ရာခိုင်နှုန်းနှင့် ကိုဗစ်မကူးဖူးတဲ့သူတွေရဲ့ ၉.၃၃ ရာခိုင်နှုန်းဟာ အဲဒီလိင်တံမာကျောမှု ပြဿနာကြုံနေကြကြောင်းလေ့လာတွေ့ရှိကြရပါတယ်။
အဲဒါကြောင့် ကနဦးအထောက်အထားတွေအရ လိင်တံမာကျောမှုပြဿနာဟာ ကိုဗစ်-၁၉ရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိကြရပါတယ်။
၂၀၂၀ပြည့်နှစ် စက်တင်ဘာလတုန်းကပြုလုပ်တဲ့ ခပ်စောစောလေ့လာမှုမှာလည်း အလားတူတွေ့ရှိခဲ့ကြရပါတယ်။
အဲဒါကြောင့် ဇီဝဗေဒ၊စိတ်ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုယန္တယားတွေကနေ ကိုဗစ်-၁၉ဟာ အမျိုးသားတွေရဲကျန်းမာရေးနှင့် လိင်တံမာကျောမှုပြဿနာအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ကိုဗစ်-၁၉ကြောင့် လိင်တံကျုံ့သွားတယ်ဆိုတဲ့ကိစ္စဟာ လုံးဝဥဿုံဖြစ်နိုင်တယ်လို့ ဆီးစွန့်အင်္ဂါအဖွဲ့အစည်းဆိုင်ရာပညာရှင် အက်ရှလေဂျီဝင်းတားက ပေါ့တ်ကတ်စ်မှာ ပြောပါတယ်။
“ သွေးတစ်စုလုံးက လိင်တံထဲရောက်ပြီးနေကြလို့ မာကျောလာရတာဖြစ်တယ်။ အဲဒီသွေးကြောတွေထိခိုက်မှုရှိရင် လိင်တံ မာကျောမှုပြဿနာတက်နိုင်တယ်” လို့ သူမကရှင်းပြပါတယ်။
Source J-Post