Published 17 January 2022

အိုမီခရွန်ကူးစက်မှုပျံ့နှံနေတဲ့အတွက် နိုင်ငံတွေက နိုနိုးကြားကြားရှိနေသင့်သော်ငြား ကိုဗစ်ကပ်ရောဂါဘေးဟာ ၂၀၂၂ခုနှစ်မှာ ဒေသအလိုက်ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါအဆင့်သို့ စတင်ရွေ့လျားသွားလိမ့်မယ် လို့ မိုဒါနာကုမ္ပဏီရဲ့ တွဲဖက်တည်  ထောင်သူ နူဘာအာဖိုင်ရန်ကပြောဆိုလိုက်ပါတယ်။

အချို့နိုင်ငံတွေက ကိုဗစ်ကို ဒေသအလိုက်ကူးစက်ရောဂါပုံစံမျိုး ကိုင်တွယ်ဆောင်ရွက်မှုတွေ ခပ်ဖြည်းဖြည်းစတင်နေတဲ့ အချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ အရာရှိတွေကတော့ ရောဂါကူးစက်မှုတွေမြင့်နေတဲ့အတွက် ဒီလိုမျိုးပြောဆို  ဆောင်ရွက်ဖို့ သိပ်စောလွန်းသေးတယ်လို့ ပြောထားပါတယ်။

“ ၂၀၂၂ခုနှစ်ဟာ ကပ်ရောဂါအဆင့်ကနေ ဒေသအလိုက်ကူးစက်ရောဂါဆင့်ကို ဝင်ရောက်လာမယ့်နှစ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါကလည်း ဘာတွေဖြစ်နေသလဲဆိုတာနှင့် ကမ္ဘာတစ်လွှားက ဘယ်လိုဆုံးဖြတ်ဆောင်ရွက်နေကြသလဲဆိုတာတွေ အပေါ်မှာတော့ မှီတည်နေပါတယ်” လို့ အာဖိုင်ရန်က ဘလွမ်းဘတ်ရုပ်သံနှင့် တွေ့ဆုံခန်းမှာပြောဆိုခဲ့ပါတယ်။

“ အိုမီခရွန်ဟာ ကူးစက်မှုမြင့်မားနေပေမယ့် အခြာတစ်ဖက်မှာတော့ ရောဂါပြင်းထန်မှုအရ အကျိးသက်ရောက်မှုက နည်းပါး တာတွေ့ရပါတယ်” လို့လည်း သူကပြောပါတယ်။

မိုဒါနားရဲ့ အိုမီခရွန်အထူးသီးသန့် အားမြှင့်ကာကွယ်ဆေးကို လာမယ့်ရက်သတ္တပတ်တွေထဲမှာ လူသားနှင့်စမ်းသပ်မှုတွေ စတင် တော့မှာဖြစ်ပါတယ်။ သူက သူ့ရဲ့စီအီးအို စတက်ဖိန်းဘန်ဆဲလ် ဒီတစ်ပတ်စောစောပိုင်းမှာပြောခဲ့တဲ့စကားကို ထပ်ပြောလိုက် တာပါ။ စီအီးအိုက  ဆောင်းဦးရာသီမှာ နောက်ထပ်အားမြှင့်ကာကွယ်ဆေးလိုအပ်လာမယ်လို့ မျှော်လင့်ထားတဲ့အတွက် အားမြှင့်ဆေးဟာ အိုမီခရွန်အတွက်သီးခြား ဖော်စပ်ဖို့ရှိတယ်လို့ပြောထားပါတယ်။

“ လာမယ့်ရက်သတ္တပတ်တွေမှာ စမ်းသပ်ဖို့အဆင်သင့်ရှိမှာပါ” လို့ အာဖိုင်ရန်ကပြောပါတယ်။ အားမြှင့်ကာကွယ်ဆေးကို ဆောင်းဦးရာသီထက် နွေဦးရာသီက ပိုလိုအပ်မှာလား ဆိုတာကိုတော့ တကမ္ဘာလုံးက အရာရှိတွေနှင့် ဆွေးနွေးအဖြေရှာကြည့် ရမှာပါ”လို့လည်း သူကပြောပါတယ်။

နယူးယောက်မှာ မိုဒါနာရဲ့ရှယ်ယာတန်ဖိုးတွေ ၃.၃ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Source Bloomberg