#WorldHealth

Published 13 January 2022

 

အိုမီခရွန်မျိုးဗီဇကွဲက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်ထားမှုနှုန်းဟာ အရင်မျိုးဗီဇကွဲတွေထက် အလွန်မြင့်မားကြောင်း တောင်အာဖရိကစမ်းသပ်စစ်ဆေးချက် ၂ မျိုးရဲ့ ပဏာမတွေ့ရှိချက်အရ သိရှိထားပြီး ဒါဟာ ကမ္ဘာတဝန်းမှာ အလျင်အမြန်ပျံ့နှံသွားရတဲ့ အကြောင်းအရင်း ဖြစ်နေနိုင်ပါတယ်။

 

စမ်းသပ်စစ်ဆေးချက်တစ်မျိုးကို ပြီးခဲ့တဲ့လအတွင်း တောင်အာဖရိကမှာ အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်ချိန်မှာ လေ့လာထားတာဖြစ်ပြီး နောက်စမ်းသပ်ချက်ကတော့ အဲဒီအချိန်က လူနာတွေရဲ့ နမူနာအသားစတွေကို စစ်ဆေးတဲ့အချိန်မှာ ပြုလုပ်ထားတာဖြစ်ပါတယ်။
အရင်မျိုးဗီဇကွဲစမ်းသပ်ချက်တွေနဲ့ နှိုင်းယှဉ်ပါက အိုမီခရွန်ကူးစက်သူအများအပြားရှိခဲ့ပေမယ့် ရောဂါလက္ခဏာပေါ်တဲ့သူ နည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

မိုဒါနာကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ HIV ကူးစက်သူတွေမှာ ကာကွယ်ဆေးရဲ့ထိရောက်မှုကို တွက်ချက်ကြည့်ရာ လာရောက်စမ်းသပ်သူ ၂၃၀ ရဲ့ ၃၁ ရာခိုင်နှုန်းက ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့ပြီး အဆိုပါ ၅၆ ဦးစလုံးက အိုမီခရွန်ကူးစက်ထားတာဖြစ်ကြောင်း စစ်ဆေးရရှိခဲ့ပါတယ်။

 

အိုမီခရွန်မတိုင်ခင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၁ ရာခိုင်နှုန်းအောက်နဲ့ နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်းအထိ တွေ့ရှိလာရကြောင်း သုတေသီတိုက ထုတ်ပြန်ထားပါတယ်။

 

Johnson & Johnson ကိုဗစ်ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လေ့လာကြည့်ရာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်မှုနှုန်းက ဘီတာနဲ့ဒယ်လ်တာမျိုးဗီဇကွဲ ပျံ့နှံ့ချိန်အတွင်း ၂.၆ ရာခိုင်နှုန်းရှိခဲ့ရာ အိုမီခရွန်ကူးစက်ချိန်မှာတော့ ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

 

ကိုဗစ်ကာကွယ်ဆေး ၅၇၇ ဦးအပါအဝင် လေ့လာချက်ပြုလုပ်ရာမှာ ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာတောင် ရောဂါပိုးသယ်ဆောင်မှုန်းမြင့်မားကြောင်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားတဲ့ လူတွေမှာတောင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်မှုနှုန်းက အိုမီခရွန်မျိုးဗီဇကွဲ လျင်လျင်မြန်မြန်ပျံ့နှံ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားထားပါတယ်။

 

နိုဝင်ဘာလနှောင်းပိုင်းအတွင်း အိုမီခရွန်စတင်ပျံ့နှံ့နေပြီဖြစ်ကြောင်း သတိပေးလိုက်တဲ့အချိန်မှာ တောင်အာဖရိကနိုင်ငံက အိုမီခရွန်မျိုးဗီဇကွဲ ကိုဗစ်ရောဂါကူးစက်မှုတွေ ခံစားခဲ့ရပါတယ်။

 

ဒါပေမယ့် နောက်ထပ်ကူးစက်မှုတွေက လျော့ကျလာခဲ့ပြီး အရင်မျိုးဗီဇကွဲတွေလောက် ရောဂါပြင်းထန်ခြင်းမရှိကြောင်း တွေ့ရှိလာကြပါတယ်။

Source: Reuters.
#Yangon_Media_Group