Published 9 January 2022

ဒယ်လ်တာနှင့် အိုမီခရွန်မျိုးဗီဇကွဲနှစ်ခုပေါင်းစပ်ထားသော နောက်ထပ်ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုကို ဆိုက်ပရပ်စ်တွင် တွေ့ရှိတယ်လို့ ဆိုင်ပရပ်စ်တက္ကသိုလ် ဇီဝိသိပ္ပံဌာန ပါမောက္ခနှင့် ဇီဝနည်းပညာနှင့် မော်လီကျုးရောဂါပိုးမွှားဌာနမှူး ပါမောက္ခ လီယန်ဒွိုက်စ် ကော့စထရီကစ်က ပြောကြားတယ်လို့ ဘလွမ်းဘတ်သတင်းဌာနကရေးသားလိုက်ပါတယ်။

“လောလောဆယ်မှာ အိုမီခရွန်နှင့်ဒယ်လ်တာပူးတွဲကူးစက်မှုကိုတွေ့ရပြီး အဲဒါဟာ ဒီမျိုးဗီဇကွဲနှစ်ခုပေါင်းစပ်မှုကြောင့် ဖြစ်ပေါ် လာတဲ့ မျိုးဗီဇကွဲတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရပါတယ်” လို့ ကော့စထရီကစ်က ဆစ်ခ်မာ ရုပ်သံနှင့် သောကြာနေ့က အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့က အဲဒီတွေ့ရှိချက်ကို “ ဒယ်လ်တာကရွန်” လို့ အမည်ပေးထားပြီး  ဒဲလ်တာရဲ့ မျိုးပွားပစ္စည်း genomes တွေအတွင်းမှာ အိုမွန်ခရွန်နှင့်တူတဲ့ မျိုးဗီဇကိုယ်ပိုင်လက္ခဏာတွေ genetic signaturesတွေ ရှိနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကော့စထရီကစ်နှင့် သူ့အဖွဲ့ဟာ အဲသလိုမျိုးကူးစက်မှု ၂၅ခုတွေ့ရှိရပြီး ဆေးရုံမတက်ရတဲ့လူနာတွေထက် ဆေးရုံတက်ရတဲ့ လူနာတွေဆီမှာ အဲဒီအယ်လ်တာကရွန်ကို ပိုပြီးတွေ့ရတယ်လို့သိရပါတယ်။ ဒယ်လ်တာကရွန် ၂၅ခုရဲ့ နမူနာတွေကို သူတို့က GISAID လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာ သတင်းအချက်အလက်ဌာနဆီ ပေးပို့ထား ပါတယ်။

“ဒီမျိုးဗီဇကွဲက ပိုပြီးရောဂါဖြစ်စေမှာလား ပိုပြီးကူးစက်စေမှာလား ။ဒယ်လ်တာနှင့်အိုမီခရွန်ထက် ပိုကျယ်ပြန့်သွားမှာလား ဆိုတာကို အနာဂတ်မှာမြင်တွေ့ရပါလိမ့်မယ်။ သူ့ကိုယ်ပိုင်ထင်မြင်ချက်ကတော့ ဒယ်လ်တာခရွန်ဟာ ကူးစက်မှုမြင့်မားနေတဲ့ အိုမီခရွန်နေရာကို အစားထိုးဝင်ရောက်သွားနိုင်တယ်လို့ပြောပါတယ်။

Source Bloomberg

-ymg/ukkk