Published 8 January 2022

တရုတ်နိုင်ငံ ချုံကင်းမြို့ရှိ အဆောက်အအုံတစ်ခုမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လို့ယူဆရတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၆ ယောက်သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပါတယ်။

ကန်တင်းတစ်ခုပါဝင်တဲ့ အဆိုပါရပ်ကွက်ကော်မတီအဆောက်အအုံဟာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူ ၂၆ ဦးပိတ်မိနေခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ပြောကြားခဲ့ပါတယ်။

Source AFP/GlobalLink