Published 11 January 2022

၂၀၂၀ခုနှစ်မတ်လတုန်းက နယ်သာလန်ဟာ လျင်မြန်စွာကြီးထွားလာနေတဲ့ ကိုဗစ်ကပ်ဘေးကြောင့် အိုင်စီယူတွေဟာ ခပ်မြန်မြန်ပဲ လူနာတွေနှင့်ပြည့်လျှံသွားခဲ့ပါတယ်။ အဲဒီလူနာတွေဟာ ရောဂါရှုပ်ထွေးမှုတွေကို ခံစားနေကြရသူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့် ဒတ်ချ်အစိုးရဟာ လော့ခ်ဒေါင်းလုပ်ဖို့ ကြေညာခဲ့ရပါတယ်။ ဩဂုတ်လမှာ ဒုတိယမြောက်ကူးစက်မှုတွေနှင့်ဆေးရုံတက်ရတဲ့အရေအတွက်တွေ ထပ်မြင့်မားလာတဲ့အချိန်မှာ နောက်ထပ် လော့ခ်ဒေါင်း နှင့် ကာဖျူးအမိန့်တွေကို ထုတ်ပြန်ခဲ့ရပြန်ပါတယ်။

ကူးစက်မှုတွေက ကြိုတင်တွက်ဆလို့မရအောင်ဆက်လက်မြင့်မားနေတဲ့အတွက် ဒတ်ချ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် စိးပွားရေးကိုထိခိုက်ခဲ့ရပါတယ်။

အဲဒါကြောင့် ပြင်းထန်တဲ့ကိုဗစ်-၁၉ ရောဂါရှုပ်ထွေးမှုတွေကို ကြိုတင်ခန့်မှန်းသိရှိနိုင်မယ့် နည်းလမ်းတစ်ခုလိုအပ်လာခဲ့ပါတယ်။ အမ်စတာဒမ်၊ ဗွီယူတက္ကသိလ်ဆေးရုံရဲ့ ကူးစက်ရောဂါနှင့်အချက်အလက်သိပ္ပံဌာနရဲ့ ဒေါက်တာရွန်ဟာရင်းစ်ဦးဆောင်တဲ့သုတေသနအဖွဲ့ဟာ နိုင်ငံထဲမှာ ကိုဗစ်-၁၉ရောဂါရှာဖွေရေးနှင့်ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို စုဆောင်းခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးရဲ့ အထွေထွေရောဂါကုဌာနအားလုံးရဲ့ ငါးရာခိုင်နှုန်းဖြစ်တဲ့ ၂၆၄ခုမှာ ၂၀၂၀ပြည့်နှစ် ဧပြီ၁၀ရက်ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၁ရက်အထိ ကိုဗစ်ကူးစက်မှုပေါင်း ၆၀၇၄ခုကို သူတို့လေ့လာခဲ့ကြပါတယ်။ အဲဒီအထဲမှာ ၄.၇ရာခိုင်နှုန်းဖြစ်တဲ့ လူနာ ၂၉၁ ဦးဟာ ရောဂါပြင်းထန်ရှုပ်ထွေံးခဲ့ကြရပါတယ်။သူတို့ရဲ့ ၆၂.၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၉၁ ဦးဟာ ဆေးရုံတက်ရပြီး ၂၀.၃ ရာခိုင်နှုန်းဖြစ်တဲ့ ၅၉ဦးဟာ ဘိုးဘွားရိပ်သာတွေမှာ ကုသခံကြပါတယ်။ ၁၇.၅ ရာခိုင်နှုန်းဖြစ်တဲ့ ၅၁ဦးကတော့ သေဆုံးခဲ့ကြပါတယ်။

အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး သုတေသနပညာရှင်တွေဟာ အယ်လ်ဂိုရစ်သမ်တစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ အသက်၊လိင်၊အဝလွန်မှုရှိမရှိ၊ ပတ်ဝန်းကျင်ချို့တဲ့မှု၊ပိုးစစ်ဆေးအမတည်ပြုချက်၊ နာတာရှည်ရောဂါတစ်ခုထက်ပိုရှိနေမှုနှင့် ကူးစက်မှုဟာ ပထမလှိုင်းတုန်းကလား ဒုတိယလှိုင်းတုန်းကလားဆိုတဲ့ အချက်တွေ အပေါ်အခြေခံပြီး သူတို့ကအယ်ဂိုရစ်သမ်ကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

အယ်လ်ဂိုရစ်သမ်ဟာ နယ်သာလန်ရဲ့ ပထမနှင့် ဒုတိယလှိုင်းအတွင်း ပြင်းထန်တဲ့ ကိုဗစ်-၁၉ရောဂါရှုပ်ထွေးတာတွေကို အနီးစပ်ဆုံးမှန်ကန်အောင် လုပ်ဆောင်ပေးပါတယ်။ ဆေးမှတ်တမ်းအပေါ်အခြေခံပြီးဘယ်သူတွေက ပြင်းထန်တဲ့ရောဂါရှုပ်ထွေးမှု အန္တရာယ်မြင့်မားနေတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါါတယ်။ အဲဒါကြောင့် အဲဒီအန္တရာယ်မြင့်မားနေတဲ့သူတွေကို ကာကွယ်ဆေး ဦးစားပေးထိုးနှံစေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နောက်ကြောင်းပြန်တွက်ချက်ထားတာဖြစ်တဲ့အတွက် အနာဂတ်ကြိုတင်ခန့်မှန်းဖို့အတွက်ကို အလျှော့အတင်းလုပ်ဖို့လိုတယ် လို့ သူတို့က ဖြည့်စွက်ပြောကြားပါတယ်။

(အယ်ဂိုရစ်သမ် algorithm -သတ်မှတ်ထားတဲ့ပြသနာတစ်ခုကို အဖြေထုတ်ဖို့အတွက် သင်္ချာနှင့် ကွန်ပျူတာသိပ္ပံနည်းဖြင့် တွက်ချက်ထားသော လုပ်ငန်းစဉ် သို့မဟုတ် နည်းနာ)

Source JPost

ymg/ukk