Published 9 January 2022

တက္ကဆပ်ပြည်နယ်၊ ဟောက်စတန်က ကျောင်းဆရာမတစ်ဦးဟာ  ဇန်နဝါရီ ၃ ရက်က ကားမောင်းပြီးကိုဗစ်စစ်ရတဲ့ နေရာမှာ  သူမရဲ့ အသက်၁၃နှစ်အရွယ်သားကို ကားနောက်ဖုံးထဲမှာထည့်ထားတာ ရှာတွေ့ရတဲ့အတွက် ရာဇဝတ်ပြစ်မှုကြီးနှင့် တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။

အသက်၄၁နှစ်အရွယ် ဆာရာဘင်းကို ကလေးငယ်ကို အန္တရာယ်ဖြစ်စေတဲ့အတွက် ဟာရစ်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ အမှုစွဲအရာရှိတွေကပြောပါတယ်။

ဆိုင်ပရက်စ်ဖဲယားဘန့်ခ်အင်ဒီပင်းဒင်န့် ကျောင်း ခရိုင်ရဲ့  ကိုဗစ်စစ်ဆေးရေးနေရာမှာ ကလေးငယ်ကို ကားနောက်ခန်း အဖုံးအတွင်း  ရှာတွေ့တဲ့အတွက် အဲဒီက ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူး ဘီဗင် ဂေါ်ဒွန်က ရဲတွေကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်လိုသိရပါတယ်။

သူ့သားဟာ အရင်က ကိုဗစ်ကူးစက်ခံထားရသူဖြစ်တဲ့အတွက် ပိုးစစ်တဲ့နေရာကိုသွားတဲ့လမ်းတစ်လျောက် သူ့သားနှင့်  ကင်းကင်းနေချင်တဲ့အတွက် သားဖြစ်သူကို ကားနောက်ဖုံးထဲထည့်ထားခဲ့တာဖြစ်တယ်လို့ ဘင်းကပြောကြောင်း ဂေါ်ဒွန်က ပြန်လည်ပြောပြပါတယ်။ အဲဒီပိုးစစ်တဲ့နေရာမှာ သူ့သားကို ပိုးထပ်စစ်ဖို့လည်း သူမက အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

သူမက သူ့သားကိုကြည့်ချင်တယ်လို့ မေတ္တာရပ်ခံတဲ့အတွက် ကားနောက်ဖုံးကိုဖွင့်လိုက်တဲ့အခါ ကလေးက အတွင်းထဲမှာ လဲလျောင်းနေတယ်လို့ ဂေါ်ဒွန်က ရဲကိုတိုင်ပါတယ်။  ကလေးကို ကားနောက်ထိုင်ခုံကို ပြန်မရွှေ့မပေးမချင်း သူမကို ပိုးစစ်မပေးဘူးလို့ ဂေါ်ဒွန်က ဘင်းကိုပြောခဲ့ပါတယ်။အဲဒီနောက် ရဲကိုဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပါတယ်။

တရားရုံးမှတ်တမ်းမှာ ဘင်းရဲ့ရှေ့နေအမည် ဖော်ပြထားတာမတွေ့ရပါဘူး။

ဘင်းဟာ အဲဒီခရိုင်ကျောင်းမှာ အလုပ်လုပ်နေတာ၂၀၁၁ခုနှစ်ကတည်းကဖြစ်ပြီး အခုသူမကို ခွင့်ယူခိုင်းထားတယ်လို့ အတည်ပြုပါတယ်။

Source Insider

 -ymg/kk