#World_Health
Published-  12 January 2022

ကိုရိုနာဗိုင်းရပ်စ်က ကျောက်ကပ်ရှိ မော်လီကျူးဓာတ်ပြုဖြစ်စဉ်ကို စတင်ဖြစ်ပေါ်စေကာ အမာရွတ်ဒဏ်ရာရရှိစေပြီး ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ကြောင်း ဓာတ်ခွဲခန်းသုတေသနလေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

ထိခိုက်ပျက်စီးလာတဲ့ ကျောက်ကပ်တစ်ရှူးတွေဟာ ကိုဗစ်ရောဂါမှသက်သာလာသူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ရေရှည်မှာထိခိုက်လာစေတယ်လို့ Cell Stem Cell ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းအရ သိရှိရပါတယ်။

သုတေသီတွေက စမ်းသပ်ဖန်ပြွန်ထဲမှာ ကျောက်ကပ်ပုံတူအသေးလေးတွေနဲ့ SARS-CoV-2 ဗိုင်းရပ်စ်တို့ကို ထိတွေ့စေခြင်းဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ဗိုင်းရပ်စ်က ကျောက်ကပ်ရှိ အမျိုးမျိုးသောဆဲလ်တွေကို ကူးစက်သွားကာ မော်လီကျူးပြောင်းလဲခြင်းဖြစ်ပေါ်ပြီး စတင်ထိခိုက်ပျက်စီးလာပါတယ်။

ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာသူ ၉ သောင်းကျော်မှာ ကျောက်ကပ်လုပ်ဆောင်မှု အတော်လေးကျဆင်းနေတာကို တွေ့ရှိရခြင်းက ဗိုင်းရပ်စ်က ကျောက်ကပ်ကိုထိခိုက်စေတာကြောင့် ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

နယ်သာလန်နိုင်ငံ ရက်ဒ်ဘော့ဆေးပညာတက္ကသိုလ်မှ ဂျစ္စယန်ဆန်က သူတို့အဖွဲ့ဟာ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်က ပျက်စီးဆိုးကျိုးမှုဖြစ်စေရတဲ့ စဉ်းစားစရာအကြောင်းအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။


Source: Reuters