Published -10 January 2022

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ သန္ဓေလွယ်ထားရတဲ့ ကလေးငယ်ရဲ့ဦးနှောက်အပေါ် အကျိုးသက် ရောက်မှု ရှိပုံမရပေမယ့် ကပ်ဘေးကြီးတစ်ခုအနေနှင့်ကတော့ အကျိုးသက်ရောက်မှုရှိကောင်းရှိနိုင်တယ်လို့ အင်္ဂါနေ့က ထုတ်  ဝေတဲ့ ဂျာမာ ကလေးဆေးပညာရပ်တစ်ခုမှာ သုံးသပ်တင်ပြထားပါတယ်။

သုတေသနပညာရှင်တွေဟာ ကပ်ဘေးကာလအတွင်း မွေးဖွားလာတဲ့  ဝါရှင်တန်စီးတီးက မွေးကင်းစကလေးငယ် ၂၅၅ ဦးကို ခြေရာခံ လိုက်ကြည့်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ၁၁၄ဦးရဲ့ မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ် ကိုဗစ်ကူးစက်ခံခဲ့ရသူတွေပါ။ ကလေးတွေက ခြောက်လသားကလေးတွေဖြစ်လာကြတဲ့အခါ ကိုယ်ဝန်ဆောင်စဉ် ကူးစက်မှုဟာ သူတို့ရဲ့ ဦီးနှောက်နှင့်အာရုံ ကြောဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတစ်စုံတရာမရှိကြောင်း သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်လို့  ကိုလံဘီယာတက္ကသိုလ်နှင့် နယူးယောက်ပြည်နယ် ကလေးဆေးကျောင်းက ဒေါက်တာ ဒန်နီ ဒူမစ်ထရီရူးက ပြောပါတယ်။

ဒါပေမယ့် ကပ်ဘေးမတိုင်ခင်မွေးလာတဲ့ ကလေး (၆၂)ဦးနှင့် ခြုံငုံနှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့  ကိုဗစ်ကပ်ဘေးအတွင်း မွေးလာတဲ့ကလေးတွေဟာ ကြွက်သားကြီးမားမှုနှင့်ဆိုင်တဲ့အလုပ်တွေ၊ ကြွက်သားကလေးတွေ လှုပ်ရှားဖို့လိုအပ်တဲ့ အလုပ်တွေနှင့် အပြန်အလှန်ဆက်သွယ်တတ်မှုတွေမှာ ကပ်ဘေးမတိုင်ခင် ကလေးတွေထက် နိမ့်ပါးနေတာတွေ့ရပါတယ်လို့ သူမကပြောပါတယ်။

 

ဒါပေမယ့် အဲဒီတွေ့ရှိချက်ဟာ ဒီကလေးတွေအနေနှင့် ရေရှည်အကျိုးဆက်ခံစားရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးလို့ သူမ က ဆက်ပြောပါတယ်။  ခြောက်လတာ ဆန်းစစ်အကဲဖြတ်မှုကနေ  ရှေရှည်ရလာဒ်အပေါ် ကောင်းမွန်တဲ့ ခန့်မှန်းမှုတော့ မဟုတ်ဘူးလို့ သူမကဖြည့်စွက်ပြောပါတယ်။

Source Reuters

ymg/kk