Published 10 January 2022

ဆီနိုဖမ်က ထုတ်လုပ်သော ပရိုတိန်းအခြေပြုကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆေးနှစ်လုံးထိုးအပြီး အားမြှင့်ကာကွယ်ဆေး အဖြစ် ထိုးနှံတဲ့အခါ မူရင်းကာကွယ်ဆေး တတိယအကြိမ်ထိုးနှံတာထက် အိုမီခရွန်အပေါ် ခုခံအားတုန့်ပြန်မှု ပိုအားကောင်း တာတွေ့ရတယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။

တရုတ်ကထုတ်တဲ့ ထိပ်တန်းဦးဆောင် ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ဆီနိုဖမ်ဟာ အိုမီခရွန်အပါ် ကာကွယ်နိုင်စွမ်းနှင့် ပတ်သက်လို့စိတ်ပူပန်မှုတွေရှိနေတဲ့အချိန်မှာ ယခုလို ပညာရှင်တွေ မသုံးသပ်ရသေးတဲ့ အင်္ဂါနေ့က ထုတ်ဝေတဲ့ လေ့လာတွေ့ရှိချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အစောပိုင်းလေ့လာမှုများအရ ဆီနိုဖမ်မူလကာကွယ်ဆေးဟာ ဝူဟန်မှာစတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအဟောင်း နှင့်  ယှဉ်ရင် အိုမီခရွန် အပေါ်ကာကွယ်နိုင်စွမ်း နည်းပါးတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။

ယခုဆီနိုဖမ်က ပရိုတိန်းအခြေပြုတဲ့ NVSI-06-07 ကိုဗစ်ကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေးအဖြစ် အရေးပေါ် အသုံးပြုဖို့ ဒီဇင်ဘာလတုန်းက ယူအေအီးနိုင်ငံမှာ လျှောက်ထားခဲ့ပါတယ်။ ယခုအားမြှင့်ကာကွယ်ဆေးဟာ ယခင် အသက်မဲ့ ကိုရို နာဗိုင်းရပ်စ်ကိုအသုံးပြုထုတ်တဲ့ နည်းစဉ်နှင့် ကွာခြားတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

သူတို့က ယခင်ဆေးဟောင်းကိုနှစ်ကြိမ်ထိုးပြီးလို့ ခြောက်လဒါမှမဟုတ် ယင်းထက်ပိုကြာထားတဲ့ ကျန်းမာတဲ့လူပေါင်း ၁၉၂ ဦးကို အချို့ကို ဆေးဟောင်းကိုပဲ တတိယမြောက်အားမြှင့်ဆေးအဖြစ်ထိုးပေးပြီး အချို့ကို ပရိုတိန်းအခြေပြုကာကွယ်ဆေး အသစ်ကိုထိုးပေးခဲ့ပါတယ်။ အဲဒီအခါ ဆေးသစ်ကို အားမြှင့်ကာကွယ်ဆေးထိုးခဲ့သူတွေက အိုမီခရွန်အပေါ် ခုခံအားပိုပြီး ကောင်းမွန်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအားမြှင့်ဆေးအသစ်ရဲ့ အာနိသင်ကလည်း ဘယ်လောက်ကြာကြာခံမယ်ဆိုတာကိုတော့ အသေအချာမသိနိုင် သေးးဘူးလို့  ဆီနိုဖမ်ဌာနနှင့် ရှိတ်ကာလီဖာဆေးရုံတို့က သုတေသနပညာရှင်တွေပါ ပါဝင်တဲ့ စာတမ်းရှင်တွေက အခုတွေ့ ရှိချက်ထဲမှာ ရေးသားထားပါတယ်။

Source Reuters

ymg/kk