Published 2 January 2022

ဗြိတိန်ဘုရင်မကြီးက အစဉ်အလာကိုချိုးဖောက်ပြီး သံတမန်တွေနှင့် စပိုင်အစစ်တွေကိုသာ ချီးမြှင့်လေ့ရှိတဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီယယ်ခရိတ်ကို ချီးမြှင့်လိုက်ပါတယ်။

ခရစ်ဟာ ဂျိမ်းစ်ဘွန်းစပိုင်ရုပ်ရှင်ဇာတ်ကား(၅)ကားမှာ သရုပ်ဆောင်ခဲ့ပြီးနောက် “ ရုပ်ရှင်နှင့်ပြဇာတ်ရုံလုပ်ငန်းတွေမှာ အလုပ် အကျွေးပြုခဲ့တဲ့အတွက်ဆိုပြီး စိန့်မိုက်ကယ်နှင့်စိန့်ဂျော့( စီအမ်ဂျီ)ဂုဏ်ထူးဆောင်ဆုတံဆိပ် Order of Saint Michael and Saint George (CMG) ကို ဘုရင်မကြီးက ချီးမြှင့်ပေးအပ်လိုက်တာဖြစ်ပါတယ်။

အဲဒီဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ဘုရင်မကြီးရဲ့ နှစ်ပတ်လည် နှစ်သစ်ဂုဏ်ထူးဆောင်ဆုပေးပွဲမှာပေးအပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဆုကိုကြေညာခဲ့တာပါ။

စီအမ်ဂျီဆုတံဆိပ်ကို ပုံမှန်အားဖြင့်  နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာ သွားရောက်အမှုထမ်းသူတွေဖြစ်တဲ့ အရာရှိတွေ သံတမန် တွေကိုပေးလေ့ပေးထရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် ဘွန်းရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်တဲ့ မိုက်ကယ်လ်ဂျီဝီလ်ဆင်နှင့် ဘာဘရာဘရိုကိုလီတို့ကိုလည်း သူတို့ရဲ့ ရုပ်ရှင်၊ဒရာမာ၊ပရဟိတိနှင့်လုပ်ငန်းကျွမ်းကျင်မှုတွေကြောင့်  CBEs Commander  of the Order of the British Empire ဆုတံဆိပ်တွေကို ချီးမြှင့်ခဲ့ပါတယ်။

Source Insider