Published 31 December 2021

ဖုန်းထဲက စတော့အရောင်းအဝယ် အက်ပလီကေးရှင်စနစ်ကို ကုမ္ပဏီကစမ်းသပ်အပြီး တရုတ်နိုင်ငံက လူတစ်ယောက်ဟာ  သူ့ရဲ့ အကောင့်ထဲ ဒေါ်လာ၁၅.၆သန်း ထည့်ပေးခံလိုက်ရတဲ့အတွက် ခရစ်စမတ်နေ့မှာ သူဟာ ညတွင်းချင်း မီလျံနာ တစ်ယောက် ဖြစ်သွားခဲ့ရပါတယ်။

သူ့ရဲ့နောက်ဆုံးအမည်က  လောင်းလို့သာသိရတဲ့ အဲဒီသူဟာ ခရစ်စမတ်နေ့ မွန်းလွဲပိုင်း ၂နာရီခွဲခန့်မှာ သူ့ရဲ့အကောင့်ထဲ ယွမ် ငွေသန်း၁၀၀( ဒေါ်လာ၁၅.၆သန်း) ဝင်လာတာကို သူသတိထားမိလိုက်တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က သတင်းဖော်ပြပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေကျူးပြည်နယ်မှာ နေထိုင်တဲ့ လောင်း ဟာ စတော့ကို အနည်းအကျဉ်းအရောင်းအဝယ် ပုံမှန်လုပ်ပါတယ်။ ဒါပေမယ့် ချန်ကျန်းလုံခြုံရေး အီး-စတော့ခ် အက်ပလီကေးရှင်းကနေတစ်ဆင့် အရင်းအနှီးလုပ်ထားတာက စုစုပေါင်းမှာ ဒေါ်လာ ၉၄၀ ခန့်ပဲရှိခဲ့တာပါ။

သူ့အကောင့်ထဲပိုက်ဆံတွေဝင်လာတဲ့အခါ သူဟာစိတ်လှုပ်ရှားပြီး စကရင်ရှော့ခ်ကိုတောင်ရိုက်ခဲ့ပါတယ်။ အဲဒီစကရင်ရှော့ခ်ကို သူငယ်ချင်းတွေဆီကို ပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကြွယ်ဝမှုဟာ တစ်ရက်ပဲခံလိုက်ပါတယ်။ သူပိုက်ဆံတွေဝင်လာပြီး သိပ်မကြာလှပါဘူး။ သူ့အကောင့်ထဲက ပိုက်ဆံတွေအားလုံး တစ်ပြားမှမရှိတော့ပါဘူး။ သူ့ကိုယ်ပိုင်ပိုက်ဆံ ဒေါ်လာ ၉၄၀ပါ ပြန်ထုတ်ခံလိုက်ရပါတော့တယ်။

သူ့ဆီကို ပိုက်ဆံတွေသန်းချီဝင်လာရတာဟာ အဲဒီအက်ပလီကေးရှင်းကို ရုံးပိတ်ရက်မှာ စနစ်စမ်းသပ်မှုကနေ သူ့အကောင့်ထဲ မှားရောက်သွားတာဖြစ်တယ်လို့ ချန်ကျန်းလုံခြုံရေးကုမ္ပဏီရဲ့ ဖောက်သည်ဝန်ဆောင်မှုဌာနက သူ့ကိုပြောပါတယ်။  သူ့မူရင်း ပိုက်ဆံကိုလည်း လာမယ့်ရက်ပိုင်းအတွင်းပြန်ထည့်ပေးပါ့မယ်လို့ ကုမ္ပဏီကပြောတယ်လို့ စီစီတီဗွီရဲ့ သတင်းအရသိရပါတယ်။

“ ဒီမိနစ်ပိုင်းအတွင်းတော့ မင်းကမီလျံနာပေါ့ကွာလို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်” လို့ အူး လို့ အမည်ရတဲ့ လောင်းရဲ့ သူငယ်ချင်းက မီဒီယာကိုပြောပြပါတယ်။

သူ့ရဲ့ မီလျံနာခဏဖြစ်လိုက်ရတဲ့အကြောင်းကိစ္စဟာ တရုတ်နိုင်ငံမှာ အတော်လူသိများသွားပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းကို ဆိုရှယ်မီဒီယာပလက်ဖောင်း Weibo မှာ ဝင်ကြည့်သူတွေ သန်း၁၇၀နီးပါးရှိခဲ့ပါတယ်။

“ ဘဝမှာ မီလျံနာတစ်ခါတော့ဖြစ်ဖူးတယ်လို့တော့ သူအနေနှင့် အနည်းဆုံးပြောလို့ရပြီ” လို့ တစ်ဦးက မှတ်ချက်ဝင်ရေးသွား ပါတယ်။

“  စမ်းသပ်မှုလုပ်တယ်ဟုတ်လား။ဘာစမ်းသပ်တာလဲ။စိတ်စမ်းသပ်တာလား” လို့လည်း တစ်ဦးကထပ်ရေးပါတယ်။

Source :Insider