#World_Health

Published - 29 December 2021


စင်္ကာပူနိုင်ငံအတွင်း အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေ၊ ကျောင်းတက်မယ့်သူတွေနဲ့ အခြေချနေထိုင်မယ့် နိုင်ငံခြားသားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ကြောင်း ကြေညာလိုက်ပါတယ်။

စင်္ကာပူမြို့တော်အတွင်း ရေရှည်အလုပ်လုပ်ကိုင်မယ့်သူတွေ၊ အခြေချနေထိုင်မယ့်သူတွေ၊ လက်ရှိအလုပ်အကိုင်ဗီဇာသက်တမ်းတိုးမယ့်သူတွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၁၂ နှစ်အောက်ကလေးတွေနဲ့ ကာကွယ်ဆေးထိုးခွင့်မရှိတဲ့သူတွေကိုတော့ အဆိုပါထုတ်ပြန်ချက်မှ ကင်းလွတ်ခွင့်ပေးထားပါတယ်။ကိုဗစ် ကာကွယ်ဆေးမထိုးချင်တဲ့သူတွေကို ဖိအားပေးဖို့အတွက်လည်း အဆိုပါသတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့သူတွေကို စားသောက်ဆိုင်တွေ၊ အခမ်းအနားပွဲတွေ၊ ဈေးဝယ်စင်တာတွေမှာ သွားလာခြင်းမှ ပိတ်ပင်ထားပြီး ဆေးကုသစရိတ်ကိုလည်း ကိုယ်တိုင်ပေးဆောင်ရမှာဖြစ်ပါတယ်။

မြို့တော်အတွင်း ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုထက် အိုမီခရွန်ကူးစက်မှုက ပိုများလာနိုင်ကြောင်း၊ လာမယ့်ရက်အနည်းငယ်အတွင်း ရောဂါကူးစက်မှုတွေ ၂ ဆတက်သွားနိုင်ကြောင်း အစိုးရကခန့်မှန်းထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲရဲ့ ကူးစက်ပုံကူးစက်နည်းနဲ့ နိုင်ငံအတွင်း လူနေမှုသဘာဝတွေကြောင့် အိုမီခရွန်ကူးစက်မှုကို မလွှဲမသေကြုံတွေ့ရမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

တနင်္ဂနွေနေ့က အိုမီခရွန်ကူးစက်သူ ၁၀၄ ဦးတွေ့ရှိရာမှာ ၃၁ ဦးက ပြည်တွင်းမှဖြစ်ပြီး ၇၃ ဦးက ပြည်ပမှလာရောက်နေထိုင်သူတွေ ဖြစ်ကြပါတယ်။ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ကိုဗစ်စစ်ဆေးပြီး လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့်ပြုထားခြင်းကိုလည်း ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပယ်ဖျက်သွားမှာဖြစ်ပါတယ်။

"SARS-CoV-2 ဗိုင်းရပ်စ်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ အများဆုံးရှိပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံကို ကူးစက်သွားတယ်လို့ တွေ့ရှိထားပါတယ်" လို့ စာတမ်းပြုစုသူတွေက ဖော်ပြထားပါတယ်။

SARS-CoV-2 ဗိုင်းရပ်စ်က နှလုံးကြွက်သားဆဲလ်များကို ဖျက်ဆီးပစ်ပြီး ကျန်ခဲ့တဲ့ဆဲလ်တွေကလည်း ချို့တဲ့တာတွေ ဖြစ်ပေါ်နိုင်ပါတယ်လို့ နယူးဆောက်ဝေးလ်စ်တက္ကသိုလ်က ပြောကြားလိုက်ပါတယ်။
Source: Bloomberg