#WorldHealth

Published - 26 December 2021


လေကြောင်းလိုင်းဖြင့် ခရီးသွားလာသူတွေဟာ အိုမီခရွန်ကူးစက်မှုကြောင့် ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေ ၂ ဆ ၃ ဆအထိပိုဖြစ်နိုင်ကြောင်း နိုင်ငံတကာလေကြောင်းလိုင်းအဖွဲ့ အစည်း (IATA)မှ ထိပ်သီးဆေးပညာအကြံပေးတစ်ဦးက သတိပေးလိုက်ပါတယ်။

မျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်ပြီး အမေရိကန်ရှိ ကိုဗစ်ရောဂါကူးစက်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းမှာ ပါဝင်နေပါတယ်။အဆင့်မြင့်ဂျက်လေယာဉ်တွေမှာ လေသန့်စင်စနစ်တွေပါဝင်တာကြောင့် မြေပြင်ပေါ်က လူထူထပ်ရာနေရာတွေထက်စာရင် ကူးစက်နိုင်ချေနည်းပါးပေမယ့် နှစ်သစ်ကူးအားလပ်ရက်အတွင်း လေကြောင်းမှ ခရီးသွားလာသူအများအပြားရှိတာကြောင့် အိုမီခရွန်က ပိုပြီးကူးစက်နိုင်ချေရှိနေပါတယ်။

လေယာဉ်အထူးတန်းတွေက လူဦးရေသိပ်သည်းတဲ့ သာမန်လေယာဉ်ခုံတန်းတွေထက်စာရင် ပိုပြီးစိတ်ချရနိုင်ကြောင်း IATA မှ ဆေးပညာအကြံပေးပုဂ္ဂိုလ် ဒေးဗစ်ပါဝဲလ်က ဆိုပါတယ်။

ခရီးသည်တွေအနေနဲ့ မျက်နှာချင်းဆိုင် မပြောဆိုဖို့ ၊ လူအကိုင်အတွယ်များတဲ့ နေရာတွေကို မထိဖို့ ၊ ခုံချင်းကပ်ထိုင်ရဖို့  ခရီးသည်တွေအနေနဲ့ အစာစားတဲ့အချိန်မှာတောင် နှာခေါင်းစည်းမချွတ်ဖို့  မှာကြားထားပါတယ်။ဒယ်လ်တာကူးစက်မှုတုန်းက ကူးစက်နိုင်ချေထက် အိုမီခရွန်က ၂ ဆ ၃ ဆလောက်ပိုများပါတယ်။

ဖြစ်လာနိုင်တဲ့ ရောဂါအန္တရာယ်ကဘယ်လိုဖြစ်မှာလဲဆိုတာကို မသိရသေးပါဘူး။
လေကြောင်းလိုင်းဖြင့်လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ ရောဂါကူးစက်မှုကို အတတ်နိုင်ဆုံးလျှော့ချဖို့ အတွက် လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကို မထိတွေ့ဖို့ ၊ သွားလေရာမှာ နှာခေါင်းစည်းတပ် ခပ်ခွာခွာနေဖို့ ၊ အခြားခရီးသည်များနဲ့ မျက်နှာချင်းဆိုင် မပြောဆိုဖို့  ဒေးဗစ်ပါဝဲလ်က မှာကြားထားပါတယ်။

အချိန်အတော်ကြာလေယာဉ်စီးရတဲ့အခါ အစားစားဖို့  လိုအပ်လာပါတယ်။
လေကြောင်းလိုင်းတွေကတော့ နှာခေါင်းစည်းကို အနည်းငယ်လျှော့ချပြီး စားသုံးကြဖို့ ပြောလာပါလိမ့်မယ်။

သိထားရဖို့ကိစ္စက လူနှစ်ဦးကြား ၂ ဦးစလုံးနှာခေါင်းစည်းတပ်ဆင်ထားခြင်းဟာ ကူးစက်မှုကိုအလျှော့ချနိုင်ဆုံးနည်းလမ်းဖြစ်ပါတယ်။ကူးစက်မှုကိုကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ကိုဗစ်ကာကွယ်ဆေးနဲ့ booster အားမြှင့်ကာကွယ်ဆေး ထိုးနှံထားခြင်းဖြစ်ပါတယ်။

နှာခေါင်းစည်းအထပ်ထပ်တပ်ဆင်ခြင်း၊ ဘယ်မှမသွားလာဘဲနေထိုင်ခြင်းတို့ ထက် ကာကွယ်ဆေးအပြည့်ထိုးထားခြင်းက ပိုပြီးထိရောက်စေနိုင်ပါတယ်။
ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေက အဝတ်စနှာခေါင်းစည်းတွေထက် ၁၀ - ၂၀ ရာခိုင်နှုန်းလောက် ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။

လေကြောင်းခရီးစဉ်တွေက ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားနိုင်တယ်ဆိုပေမယ့် စားသောက်ဆိုင်၊ ဘတ်စ်ကား၊ ရထား၊ နိုက်ကလပ်၊ အားကစားခန်းမစတဲ့ နေရာတွေထက်စာရင်တော့ ကူးစက်မှုနည်းနေပါသေးတယ်။

ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းကြား ကိုဗစ်ကူးစက်မှုတွေကိုတော့ သိပ်ပြီးမတွေ့ရပါဘူး။
ကလေးငယ်တွေမှာ ကိုဗစ်လက္ခဏာပြင်းထန်ခြင်းမတွေ့ရတဲ့အတွက် ကလေးငယ်တွေခရီးသွားလာမှုကနေ ရောဂါကူးစက်မှုက သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။မည်သို့ပဲဖြစ်စေကာမူ နှာခေါင်းစည်းတပ်ဆင်ထားဖို့ ကတော့ အားလုံးအတွက်အရေးကြီးနေပါတယ်။
Source: Bloomberg