Published 24 December 2021

အကယ်၍သာ သူမအနေဖြင့် လူဖြူတစ်ဦးဖြစ်ခဲ့ပါက သူမကို မီဒီယာတွေက‌ ရေးသားဖော်ပြကြတာတွေ ကွဲပြားခြားနား  လိမ့်မယ်  လို့ အမေရိကန်ဒုတိယသမ္မတ ကင်မလာဟာရစ်က သူမအမြင်ကို ပြောကြားလိုက်ပါတယ်။

ဒုတိယသမ္မတရဲ့ အစိုးရအဖွဲ့ထဲက လက်ရှိအဆင့်အတန်းနှင့်ပတ်သက်ပြီး အိမ်ဖြူတော်က သတင်းအရင်းအမြစ်    တော်တော်    များများကို စကားပြောဆိုခဲ့တဲ့ နယူးယောက်တိုင်းမ်သတင်းစာကြီးက အဲသလိုရေးသားဖော်ပြခဲ့တာပါ။

အကယ်၍သူမသာ လူဖြူတစ်ဦးဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးသာဆိုပါက သတင်းတွေက သူမကို တစ်မျိုးဖော်ပြရေးသားကြလိမ့် မယ်လို့ ဟာရစ်က သူမရဲ့ မဟာမိတ်တွေကို အတွင်းစကားပြောကြားခဲ့တာဖြစ်ပါတယ်။ သူမက သူမနှင့်ပတ်သက်ပြီး အဆိုးပုံ ဖော်ရေသားကြတာတွေ အထူးသဖြင့် မျိုးနွယ်နှင့်လိင်နှင့်ပတ်သက်ရင် ရှေးရိုးစွဲမီဒီယာတွေကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

ဟာရစ်နှင့် ဂျိုးဘိုင်ဒင်တို့ဟာ အလုပ်အကိုင်ရရှိမှုနှင့်ပတ်သက်တဲ့ ပြည်သူကြိုက်အဆင့်ကို သမိုင်းတလျောက် အနိမ့်ဆုံးရရှိထားနေရာ ယခုခေတ်သစ်သမိုင်းမှာ ဟာရစ်လောက် လူကြိုက်နည်းတဲ့ ဒုတိယသမ္မတမရှိခဲ့သလိုဖြစ်နေပါတယ်။

တိုင်းမ်သတင်းစာရဲ့အဆိုအရ  ဟီလာရီကလင်တန်တို့လို ဩဇာကြီးမားလှတဲ့ သူမရဲ့လူယုံတွေကို သူမရဲ့ လူကြိုက်နည်းနေတဲ့ အနေအထားအပေါ် ကူညီပေးဖို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ ဒုတိယသမ္မတဟာ လူဝင်မှုကိစ္စနှင့် မဲပေးပိုင်ခွင့်ကိစ္စတွေလိုမျိုး သူမရဲ့ ဆောင်ရွက်ရန်ကိစ္စတွေမှာ အခက်အခဲတွေနှင့်ရင်ဆိုင်နေရတယ်လို့လည်း နယူးယောက်တိုင်းမ်ကရေးသားပါတယ်။

ဘိုင်ဒင်ဟာ သူသမ္မတအဖြစ် အနိုင်ရဖို့ ဟာရစ်ကသုံးခဲ့ပေမယ့် အခုတော့ နေ့စဉ်စီမံအုပ်ချုပ်ရေးကိစ္စတွေမှာ ဖယ်ကြဉ်  ထားနေတယ် လို့ အချို့သော သူမရဲ့မဟာမိတ်တွေက တိုင်းမ်သတင်းစာကိုပြောပါတယ်။

အထင်ကရမှတ်တိုင်တစ်ခုဖြစ်တဲ့ Build Back Better ဥပဒေနှင့်ပတ်သက်လို့ ဘိုင်ဒင်နှင့် ဆီနိတ်တာ ဂျိုးမန်ချင်းတို့ အစည်း အဝေးတစ်ခုလုပ်တဲ့အခါ ဘိုင်ဒင်က ဟာရစ်ကို အခန်းထဲကထွက်ခိုင်းပါတယ်။ အခန်းထဲကမထွက်ခင်တောင် ဂျိုးမန်ချင်းကို ဟယ်လိုလို့ နှုတ်ဆက်ခိုင်းလိုက်သေးကြောင်းအိမ်ဖြူတော် အကြီးတန်းအရာရှိကြီးတစ်ဦးအပါအဝင် အစည်းအဝေးတွေနှင့်  ပတ်သက်ဆောင်ရွက်ရတဲ့ အခြားသူနှစ်ဦးအပါအဝင် သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။

ဟာရစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသော လူမည်း၊တောင်အာရှ-အမေရိကန်စပ်တဲ့ အမျိုးသမီးဒုတိယသမ္မတ အဖြစ် သမိုင်းတင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလမှာ သူမရဲ့ဝန်ထမ်းတွေ  ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ များပြားတဲ့ အလုပ်ထွက်မှုတွေ ရှိနေတယ်ဆိုတဲ့ သူမရဲ့ ရုံးရဲ့အစီရင်ခံစာကြောင့် သူမဟာ အဝေဖန်ခံခဲ့ရပါတယ်။  အဲဒီအလုပ်ထွက်သူတွေထဲမှာ ဟာရစ်ရဲ့ ပြောရေးဆိုခွင့်ရသူအဖွဲ့ အကြီးအကဲ ဆိုင်မွန်ဆန်ဒါးနှင့် သူမရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူး အက်ရှ်လေအက်တီယာနီတို့လည်းပါဝင်ခဲ့ပါတယ်။

အဲသလိုထွက်ကြတာတွေဟာ ဟားရစ်ကြောင့်လို့ ပုဂ္ဂိုလ်ရေး တံဆိပ်တပ်ကြပါတယ်။

သူမရဲ့ ဝန်ထမ်းဟောင်းတစ်ဦးက ဟားရစ်ဟာ အကြီးအကျယ်အဝေဖန်ခံနေပြီး စိတ်ထိခိုက်စရာကောင်းတဲ့ ဝေဖန်မှုတွေရဲ့ဒဏ်ကို တောက်လျောက်ခံနေရတယ်လို့ ဝါရှင်တန်ပို့စ်ကိုပြောပါတယ်။

သူမရဲ့ဝန်ထမ်းတွေ အလုပ်ထွက်တာများတယ်ဆိုပေမယ့် ဒီအရေအတွက်ဟာ ထရမ့်အစိုးရတုန်းက အလုပ်ထွက်ကြတာနှင့် ယှဉ်ရင် မပြောပလောက်ပါဘူး။ ထရမ့်အစိုးရတုန်းက အလုပ်ထုတ်ပစ်တာ၊နှုတ်ထွက်တာ၊ပြန်ခန့်တာတွေကို လုပ်ခဲ့ကြတာဟာ ခေတ်သစ်သမိုင်းမှာ အစိုးရတစ်ခုရဲ့ ပထမဆုံးနှစ်မှာ စံချိန်တင်လောက်အောင်များပြားခဲ့ပါတယ်။

ဟာရစ်ကိစ္စနှင့်ပတ်သက်လို့ Business Insider ရဲ့မေးမြန်းထားမှုအပေါ် အိမ်ဖြူတော်က တုန့်ပြန်မှုမပေးသေးဘဲရှိနေပါတယ်။

Source Business Insider