Published 24 December 2021

ထိုင်ဝမ်အရေးပေါ်ကိစ္စဖြစ်လာခဲ့လျှင် တုန့်ပြန်နိုင်ရန် ဂျပန်ကာကွယ်ရေးတပ်နှင့် အမေရိကန်စစ်တပ်တို့က ပူးတွဲစစ်ဆင်ရေး အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်အရ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းက နန်ဆေး ကျွန်းစုတွေမှာ တိုက်ခိုက်ရေးအခြေစိုက်စခန်းတစ်ခုကို တည်ထောင်သွားဖို့ဖြစ်တယ်လို့ ဂျပန်အစိုးရသတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

လာမယ့်နှစ်ဆန်းဇန်နဝါရီလဆန်းပိုင်းမှာ နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနှင့် ကာကွယ်ရေးဝန်ကြီးတွေ “နှစ်-အပေါင်း-နှစ်” မူဘောင်အောက်ကနေတွေ့ဆုံတဲ့အခါ အဆိုပါစစ်ဆေင်ရေးအစီအစဉ်ကို တရားဝင်ဖြစ်စေဖို့ လုပ်ငန်းတွေစတင်ရေး သဘောတူနိုင်ကြဖွယ်ရှိနေပါတယ်လို့ သတင်းအရင်းအမြစ်တွေက ကျိုဒိုသတင်းဌာနကို ကြာသပတေးနေ့တုန်းက ပြောကြားခဲ့ပါတယ်။

ဒီဆောင်ရွက်မှုအပေါ်  တရုတ်နိုင်ငံဆီက ပြန်လည်တုန့်ပြန်မှုရှရိနိုင်ဖွယ်ရှိနေပါတယ်။ တရုတ်က ထိုင်ဝမ်ဟာ တရုတ်ရဲ့ သင်းကွဲပြည်နယ်တစ်ခုဖြစ်ပြီး  တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး လိုအပ်ရင် အင်အားသုံးဆောင်ရွက်လိမ့်မယ်လို့ တရုတ်ကရှုမြင်ထားပါတယ်။

စစ်ဆင်ရေးအစီအစဉ်မူကြမ်းအရ အမေရိကန်မရိန်းတပ်သားတွေဟာ ကနဦီးအရေးပေါ်အဆင့်ရောက်လာရင်  နန်ဆေးကျွန်းစုတွေမှာ ယာယီတိုက်ခိုင်ရေးအခြေစိုက်စခန်းတစ်ခု တည်ဆောက်မှာဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေဟာ ဂျပန်နိုင်ငံ  ကာဂိုရှီးမားနှင့်အိုကီနာဝါစီရင်စုတွေရဲ့ အနောက်တောက်ဘက်ကနေ ထိုင်ဝမ်သို့ ဦးတည်ပြီး ဆန့်တန်းတည်ရှိ နေတာပါ။ အိုကီနာဝါဟာဂျပန်နိုင်ငံမှာ အမေရိကန်စစ်ရေးတည်ဆောက်မှုတွေကို လက်ခံခွင့်ပြုထားနေပါတယ်။

တကယ်လို့ ထိုင်ဝမ်ရဲ့အရေးပေါ်အခြေအနေက ပေါ်ပေါက်အံ့ဆဲဆဲဖြစ်လာပြီဆိုရင် အမေရိကန်စစ်တပ်က ဂျပန်ကာကွယ်ရေး တပ်ရဲ့အကူအညီနှင့် သူ့စစ်သားတွေကို ကျွန်းတွေဆီပို့ဆောင်ပါလိမ့်မယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါပေမယ့် ဒီလိုတပ်စွဲတာမျိုးကို ကျွန်းတွေကို ပစ်မှတ်ဖြစ်လာပြီး ဒေသခံပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးခံရတော့ မယ့်အခြေအနေမျိုးမှာသာ ဆောင်ရွက်ရန်ဖြစ်ပြီး ဒီအစီအစဉ်လက်တွေ့လုပ်ဖို့ ဂျပန်မှာ ဥပဒေပြင်ဆင်ရေးတွေလုပ်ဖို့လို မယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဂျပန်တပ်နှင့်အမေရိကန်တပ်တွေဟာ နန်ဆေးကျွန်းတွဲတွေတစ်လျောက်မှာ နေရာပေါင်း ၄၀ခန့် လျာထားပါတယ်။ ကျွန်းတွဲတွေမှ ကျွန်းပေါင်း ၂၀၀ခန့်ရှိပြီး လူမနေတာတွေလည်းပါနေပါတယ်။

ဂျပန်ကထိန်းချုပ်ထားတဲ့ ဆန်ကာကူကျွန်းစုတွေအနီးက အမ်နာမီ-အိုရှီမား၊မီယာကိုနှင့် အီရှီဂါကီတို့ဟာ လျာထားတဲ့ အထဲပါနေပြီး တရုတ်တို့က သူတို့ပိုင်တယ်လို့ပြောထားတဲ့ကျွန်းတွေဖြစ်ကြပါတယ်။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်တိုင်းက ပူးတွဲစစ်ဆင်ရေးအစီအစဉ်တစ်ခုကို ဂျပန်ကာကွယ်ရေးတပ်ကရေးဆွဲဖို့ အဆိုပြုခဲ့တာဖြစ်တယ်လို့ ဂျပန်အစိုးရ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဒီဇင်ဘာအစောပိုင်းက ထိုင်ဝမ်ပညာရှင်အဖွဲတစ်ဖွဲ့ဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ထိုင်ဝမ်ရဲ့ မည်သို့သော အရေးပေါ်ကစိ္စမဆို ဂျပန်အတွက်နှင့် ဂျပန်-အမေရိကန် လုံခြုံရေးမဟာမိတ်တွေအတွက် အရေးပေါ် တစ်ခုဖြစ်လိမ့်မယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

Source Reuters