#WorldHealth


Published - 23 December 2021

ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာတဲ့ အချို့အမျိုးသားတွေမှာ လအနည်းငယ်လောက်အထိ သုတ်ပိုးစွမ်းဆောင်ရည်ကျဆင်းမှု ကြုံတွေ့ရနိုင်ကြောင်း သုတေသီတို့က လေ့လာတွေ့ရှိခဲ့ပါတယ်။

သုတ်ပိုးကောင်လေးတွေ ပါဝင်တဲ့ သုတ်ရည်မှာ ရောဂါပိုးကူးစက်တာမျိုးတော့ မဟုတ်ပါဘူး။ကိုဗစ်ရောဂါခံစားမှုမှ ပြန်လည်သက်သာလာပြီး ၁ လအတွင်း အမျိုးသား ၃၅ ဦးထံမှ နမူနာယူပြီး စစ်ဆေးကြည့်ရာမှာ သုတ်ပိုးလှုပ်ရှားမှု ၆၀ ရာခိုင်နှုန်းလျော့နည်းသွားပြီး သုတ်ပိုးအကောင်ရေ ၃၇ ရာခိုင်နှုန်းလျော့နည်းသွားခဲ့ပါတယ်။

ကိုဗစ်ရောဂါခံစားမှုမှ သက်သာလာပြီး ပျမ်းမျှ ၅၂ ရက်ကြာတဲ့အချိန်မှာ ပျမ်းမျှအသက် ၃၅ နှစ်ရှိတဲ့ ဘယ်လ်ဂျီယံမှ အမျိုးသား ၁၂၀ ဦးထံမှ သုတ်ရည်နမူနာများယူပြီး စစ်ဆေးခဲ့ကြပါတယ်။

ရောဂါမှသက်သာလာပြီးချိန် ၁ လမှ ၂ လအတွင်းရှိတဲ့ အမျိုးသား ၅၁ ဦးမှာ သုတ်ပိုးလှုပ်ရှားမှု ၃၇ ရာခိုင်နှုန်းလျော့နည်းပြီး သုတ်ပိုးအကောင်ရေ ၂၉ ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။

ရောဂါမှသက်သာလာပြီးချိန် အနည်းဆုံး ၂ လရှိတဲ့ အမျိုးသား ၃၄ ဦးကတော့ သုတ်ပိုးလှုပ်ရှားမှု ၂၈ ရာခိုင်နှုန်းလျော့နည်းပြီး သုတ်ပိုးအကောင်ရေ ၆ ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။

သုတ်ပိုးတွေရဲ့ စွမ်းဆောင်ရည်က ကိုဗစ်ရောဂါပြင်းထန်မှုနဲ့တော့ မသက်ဆိုင်ပါဘူး။ကိုယ်ဝန်ရဖို့ မျှော်လင့်နေတဲ့ လက်တွဲဖော်တွေအနေနဲ့ ကိုဗစ်ရောဂါကူးစက်ပြီးတဲ့အခါ သုတ်ပိုးစွမ်းဆောင်ရည် လျော့နည်းလာတာကို သိထားဖို့လိုပါတယ်။

စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်လာဖို့ ၃ လကြာမြင့်နိုင်ပါတယ်။
ဒီအကြောင်းအရာကို အတည်ပြုဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်နေပြီး သုတ်ပိုးစွမ်းဆောင်ရည်ကို အပြီးတိုင်ထိခိုက်စေသလားဆိုတာကို စောင့်ကြည့်လေ့လာနေပါတယ်။
Source: Reuters