Published 22 December 2021

ဘစ်ကွိုင်ဟာ အမေရိကန်ဒေါ်လာကို အစားထိုးသွားလိမ့်မယ်လို့ တွစ်တာပူးတွဲတည်ထောင်သူ ဂျက်ဒေါဆေးက ဟောကိန်း ထုတ်လိုက်ပါတယ်။

Block ဘလောက်ဆိုတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်တဲ့ ဂျက်ဒေါဆေးက ရက်ပါ ကာဒီဘီရဲ့ တွစ်တာကနေ မေးတဲ့မေးခွန်းကို တနင်္လာနေ့နှောင်ပိုင်းတုန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။ လူတွေယုံယုံမယုံယုံ၊ အဲဒီ အစစ်ယောင်ငွေကြေး virtual assets ဟာ ကမ္ဘာ့အရန်ငွေကြေး(ဒေါ်လာ)ကို အစားထိုးသွးလိမ့်မယ်လို့ သူကဖြေကြားခဲ့ပါတယ်။

ကာဒီဘီရဲ့ တွစ်တာပေါ်ရေးတဲ့စာဟာနှစ်သက်သူပေါင်းသုံးသောင်းခုနှစ်ထောင်ကျော်ရရှိပြီး မှတ်ချက်ပေးကြသူပေါင်း ၅၃၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ လူသိများတဲ့ ဘဏ္ဍာရေးဆိုင်ရာ meme account  မီမီအကောင့်@litquidity “ crypto  ခရစ်ပတို (အစစ်ယောင်ငွေကြေး)မတိုင်ခင် ယွမ်ငွေဟာ ဒေါ်လာနေရာ အစားထိုးဝင်ရောက်သွားလိမ့်မယ်လို့ ရေးခဲ့ပါတယ်။

ဒေါဆေးရဲ့တွစ်ဟာ ဝေဖန်မှုတွေ၊ထောက်ခံအားပေးမှုတွေနှင့် အသေးစိတ် ဒဲ့ဒိုးရှင်းပြခိုင်းတာတွေနှင့် ကြုံတွေ့ရပါတယ်။

ဒေါဆေးဟာ ဘစ်ကွိုင်ကို တစ်သမတ်တည်း ချီးမွမ်းလာခဲ့သူပါ။ သူ့ရဲ့ ဘစ်ကွိုင်အပေါ်ရူးသွပ်မှုဟာ ခရစ်စတို ငွေကြေး   နောက်ကွယ်က "weird as hell" အသိုက်အဝန်းကလာတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူဟာ တွစ်တာရဲ့ စီအီးအိုအဖြစ် ကနေ မကြာသေးခင်က နှုတ်ထွက်ခဲ့တာကိုက ဘစ်ကွိုင်နှင့်ပတ်သက်တဲ့ သူ့ရဲ့ ရည်မှန်းချက်နှင့် ဆက်နွယ်နေပုံရပါတယ်။

ဒေါဆေးတွစ်တာကနေထွက်လာခဲ့ပြီးနောက် စကွဲယာဆိုတဲ့အမည်ကနေ ဘလောက်လို့ပြောင်းခဲ့တဲ့ ကုမ္ပဏီဟာ ခရစ်ပတိုကို အာရုံအထူးစိုက်မှာဖြစ်ပါတယ်။ဘလောက်ဟာ ဘစ်ကွိုင်လှုံ့ဆော်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ယင်းရဲ့ ဌာနခွဲအသစ် တီဘီဒီ ကနေလုပ်ဆောင်ပါလိမ့်မယ်။တီဘီဒီဟာ အခုလူတွေစတင်ခန့်နေပြီး တွစ်တာမှာ ဖော်လိုဝါပေါင်း သန်းတစ်ဝက်ရရှိနေပါပြီ။

 ဒီနှစ်အစောပိုင်းမှာ “စကွဲယား” က သူတို့အနေနှင့် ဘစ်ကွိုင်ကို ပိုပြီးလူတွေပုံမှန်သုံးဖြစ်လာအောင် ခရစ်ပတိုပိုက်ဆံအိတ် ဟာ့ဒ်ဝဲလ်နှင့် ဆော့ဖ်ဝဲဝန်ဆောင်မှုတို့ကို တည်ဆောက်နေတယ်လို့ ပြောထားပါတယ်။ ဘစ်ကွိုင်ကို အင်တာနက်ရဲ့ ဇာတိငွေကြေးဖြစ်လိုတယ်လို့လည်း သူတို့က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။

Source Business Insider