Published 20 December 2021

ဂျပန်ရုပ်ရှင်မင်းသမီးနှင့်အဆိုတော် ဆာယာကာကန်ဒါဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ဆပ်ပိုရိုမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အမြင့်ပေါ်ကပြုတ်ကျခဲ့ပုံရပြီး သေဆုံးခဲ့တယ်လို့ သူမရဲ့ရုံးက တနင်္ဂနွေနေ့က ကြေညာပါတယ်။

ကန်ဒါကို  ဒစ်စနေရဲ့ Frozen ကာတွန်းရုပ်ရှင် မှာ အန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။ သူမဟာ စနေနေ့ မွန်းလွဲ(၁)နာရီမှာ သူမတည်းခိုတဲ့ ၂၂ထပ်အမြင့်ရှိတဲ့ ဟိုတယ်ရဲ့ ၁၄ထပ်ပြင်ပနေရာမှာ လဲကျနေတာတွေ့ကြရပါတယ်။သူမဟာသေဆုံးသွားပြီလို့ နောက်ပိုင်းမှာ ဆေးရုံကအတည်ပြုပေးပါတယ်။

ရဲတွေက ကိုယ့်ကိုကိုယ်သေကြောင်းကြံမှုဖြစ်ဖွယ်ရှိတဲ့ အဲဒီသေမှုသေခင်းကို စုံစမ်းစစ်ဆေးနေပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကို မပြောသေးပါဘူး။

အသက်၃၅နှစ်အရွယ်ရှိ ဂျပန်ရုပ်ရှင်မင်းသမီးဟာ အသက်၇၀အရွယ်ရှိ ရုပ်ရှင်မင်းသားကြီး  ဖခင် မာဆာကီကန်ဒါနှင့် အသက်၅၉နှစ်အရွယ်   အဆိုတော် မိခင် ဆီကို မက်ဆူဒါတို့ရဲ့ သမီးဖြစ်ပါတယ်။ မိခင်မတ်ဆူဒါက သမီးသေဆုံးရတာကို လက်ခံလို့မရသေးဘူးလို့ပြောပါတယ်။

ဆာယာကာကန်ဒါဟာ  ဆက်ပိုရိုရုံမှာ ဖျော်ဖြေမယ့် "My Fair Lady"ဂီတပွဲအတွက် သောကြာနေ့က ပြုလုပ်တဲ့ အစမ်းလေ့ကျင့်ရာကို လာရောက်ခဲ့ပေးမယ့် တစ်နေနေ့မှာတော့ ပေါ်မလာခဲ့ဘူးလို့ ထုတ်လုပ်သူတွေက ပြောပါတယ်။

သူမဟာ အသက်၂၀အရွယ်ကတည်းက တေးဂီတပွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီး လာမယ့် ဧပြီလမှာ "Galaxy Express 999" ပွဲမှာ မေတဲလ်အဖြစ် သရုပ်ဆောင်ဖို့ရှိနေပါတယ်။

ကန်ဒါဟာ ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ပေမယ့် (၂)နှစ်အကြာမှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နာမည်ကြီးသရုပ်ဆောင်တစ်ယေက်သေဆုံးခဲ့ပြီးနောက် ဂျပန်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသူအရေအတွက် ခပ်မြန်မြန်တိုးပွားလာနေတယ်လို့ ဂျပန်နိုင်ငံရဲ့သေကြောင်းကြံစည်မှုအပေါ် ပြန်လည်တုန့်ပြန်မှုတိုးမြှင့်ရေးစင်တာရဲ့ လေ့လာချက်အရသိရှိရပါတယ်။

Source Kyodo News