Published: 29 November 2021

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့မှာ အသက်၁၂နှစ်အရွယ်မိန်းကလေးတစ်ဦးကို သတ်မှုနှင့် အသက်၁၄နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို တရားစွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့(နိုဝင်ဘာ၂၅)ညက လူသိများပြီး ဉာဏ်ရည်ထက်မြက်တဲ့အသက်၁၄နှစ်အရွယ် ကျောင်းသူကလေးအေဗာဟာ လီဗာပူးမြို့ရဲ့ ခရစ်စမတ်မီးထိန်းညှိပွဲမှာ ဓားနှင့်အထိုးခံခဲ့ရပါတယ်။

သူမအတိုက်အခိုက်မခံရခင်မှာ သူမနှင့်သူမရဲ့သူငယ်ချင်းတွေဟာ စကားများရန်ဖြစ်တဲ့ကိစ္စမှာ ပတ်သက်ခဲ့ပုံရတယ်လို့ စုံထောက်တွေက ယုံထားကြပါတယ်။

မြေကြီးပေါ်လဲကျသွားတြ့ အေဗာကို လမ်းသွားလမ်းလာတစ်ဦးကတွေ့ပြီး ဆေးကုသပေးမယ့်သူတွေ အပြေးအလွှားမရောက်လာခင် အရေးပေါ်ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ အဲလ်ဒါဟေးကလေးဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

ဥပဒေကြောင်းအရ အမည်ဖော်ပြလို့မရတဲ့ အသက်၁၄နှစ်အရွယ် အဲဒီယောကျ်ားလေးကို လူသတ်မှုနှင့် အသွားပါသော အရာဝတ္တုပိုင်ဆိုင်မှုတို့ဖြင့် တရားစွဲလိုက်ပြီး တနင်္လာနေ့(နိုဝင်ဘာ ၂၉ရက်)မှာ တရားရုံးထုတ်မှာဖြစ်ပါတယ်။

အခြားယောကျ်ားလေးသုံးဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြလုပ်ဖို့ ရဲကဖမ်းဆီးထားပါတယ်လို့ မာဆေးဆိုက်ရဲတပ်ဖွဲ့က ပြောပါတယ်။

လူတွေက အေဗာအတွက် အမှတ်တရချီးကျူးမှုတွေ လုပ်နေကြပါတယ်။ အသက်၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးက အေဗာဟာ ရွှင်ပျတက်ကြွတဲ့ စရိုက်ရှိတဲ့မိန်းကလေးဖြစ်တယ်လို့ပြောပါတယ်။

အေဗာရဲ့အနီးကပ်သူငယ်ချင်းတစ်ဦးရဲ့ အစ်မဖြစ်တဲ့ လက်ဆီက “ အေဗာဟာ သဘောကောင်းတယ်။ သူငယ်ချင်းတွေနှင့် အတူထွက်လည်တာပဲ။ ဒီလိုဖြစ်တယ်ဆိုတာ တစ်ခုခုတော့မှားနေပြီ” လို့ပြောပါတယ်။

သူမဟာ အလွန်လူသိများတဲ့ကျောင်းသူလေးဖြစ်ပြီး သူငယ်ချင်းအုပ်စုတွေအများကြီးပဲလို့  အတန်းပိုင် ပီတာဒပ်ဖီကပြောပါတယ်။ဖြစ်ရပ်အသေးစိတ်ကို ရဲက စုံစမ်းဖော်ထုတ်ဆဲရှိပါတယ်။

 Source : metro.uk