Published: 29 November 2021

ကိုဗစ်ကာကွယ်ဆေးတွေဟာ အသည်းအသန်ဖျားနာမှုကနေ ကောင်းကောင်းကာကွယ်ပေးနိုင်ပေမယ့် ကာကွယ်ဆေးထိုးပြီးလျက်နှင့် ရောဂါကူးစက်ခံရပြီးနောက် နာတာရှည်ကိုဗစ်လက္ခဏာခံစားရနိုင်တဲ့ အန္တရာယ်ကိုတော့ လျှော့ချမပေး နိုင်ဘူးလို့ သုတေသနတွေ့ရှိချက်အသစ်တစ်ခုကဆိုပါတယ်။

ခြောက်လကြာသုတေသနတစ်ခုက ကာကွယ်ဆေးထိုးပြီးနောက် ကူးစက်ခံရသူပေါင်း ၉၄၇၉ဦးကို လေ့လာကြည့်ခဲ့ပါတယ်။ အဲဒီအပြင် ကာကွယ်ဆေးထိုးမထားဘဲ  ကူးစက်ခံရတဲ့ အရေအတွက်တူသူတွေကိုလည်းလေ့လာပါတယ်။

အဲဒီနောက် ကာကွယ်ဆေးမထိုးဘဲကူးစက်ခံရသူတွေနှင့် ထိုးပြီးလျက်သားနှင့်ကူးစက်ခံရသူတွေကို နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကာကွယ်ဆေးထိုးပြီးသားနှင့် ကူးစက်ခံရသူတွေဟာ ကိုဗစ်-၁၉ရောဂါရှုပ်ထွေးမှုဖြစ်တဲ့ အရေးပေါ်ကြပ်မတ်ခန်းထဲ ကုသရတာမျိုး၊ အသက်ရှုစက်တွေလိုအပ်တာမျိုး၊ သူတို့ရဲ့ခြေထောက်တွေနှင့် အဆုတ်ထဲမှာသွေးခဲတာမျိုးတွေကိုတော့ အများကြီး လျှော့ချပေးခဲ့တာကိုတွေ့ကြရပါတယ်လို့ အောက်စဖို့တက္ကသိုလ်က မက်ဇင်းတာကေးက ပြောပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ အခြားသော ရှုပ်ထွေးမှုတွေဖြစ်တဲ့ နာတာရှည်ကိုဗစ်ရောဂါလက္ခဏာစုတွေခံစားရတာတွေကတော့ ကာကွယ်ဆေးထိုးထားသူရော မထိုးထားသူပါ အရေအတွက်(နှုန်း)အတူတူပဲဖြစ်နေတာတွေ့ရပါတယ်လို့ ပညာရှင်အချင်းချင်းသုံးသပ်မှုမတိုင်ခင် medRxiv ကိုတင်ထားတဲ့ သူတို့ရဲ့ သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။

ကာကွယ်ဆေးထိုးပြီးသားနှင့်ကူးစက်ခံရတဲ့ အသက်၆၀ကျော်အရွယ်တွေမှာတော့ ကိုဗစ်ရောဂါရှုပ်ထွေးမှုကို အကာအကွယ် ပေးနိုင်တာဟာ အားပျော့သွားတာ ဒါမှမဟုတ် လုံးလုံးကာကွယ်နိုင်စွမ်းမရှိတာကိုတွေ့ရပါတယ်လို့ တာကေးကပြောပါတယ်။

“ ဒါပေမယ့်ယခုတွေ့ရှိချက်က ကာကွယ်ဆေးထိုးလျက်သားနှင့် ကူးစက်မှုရှိတယ်လို့ပြသနေပေမယ့်  ဖျာနားမှုရောဂါရှပ်ထွေးမှုဖြစ်နိုင်ချေတွေရှိနေသေးတဲ့အတွက် အဲဒီသူတွေဟာ နိုးနိုးကြားကြားဆက်ပြီးရှိနေသင့်တယ်လို့ ဆက်ပြောပါတယ်။

 Source: Reuters