#WorldNews

Published - 22 Nov 2021

သောကြာနေ့က ကာလီဖိုနီးယား အမြန်လမ်းမကြီးတစ်နေရာမှာ သံချပ်ကာ ငွေသယ်ကားတစ်စီးပေါ်က ပိုက်ဆံတွေ အထပ်လိုက်လွင့်စင်ကျခဲ့တဲ့အတွက် လမ်းတစ်လျောက် ကားမောင်းသူတွေဟာ ရုတ်ရုတ်သည်းသည်းတွေဖြစ်ကုန်ကြပါတယ်။ သူတို့ဟာ ကားတွေကိုထိုးရပ်ပြီး ဒေါ်လာတွေကို အလုအယက်ပြေးကောက်ကြပါတယ်။