Published: 21 November 2021

အတ္တလန်တာလေဆိပ်မှာ နိုဝင်ဘာ ၂၀ရက်စနေနေ့ မွန်းလွဲတစ်နာရီခွဲ(ရန်ကုန် ယနေ့မနက်တစ်နာရီခန့်) က သေနတ်ကျည်ဆံမတော်တဆထွက်သွားမှု ဖြစ်ပွားခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ ခေတ္တရပ်ဆိုင်းပြီး ခရီးသည်တွေ ရုတ်ရုတ်သည်းသည်းဖြစ်သွားခဲ့ရပါတယ်။

လေဆိပ်ရဲ့ ပစ္စည်းစစ်တဲ့နေရာမှာ အိစ်ရေးစက်တွေက တားမြစ်ပစ္စည်းလို့ သတ်မှတ်ထားတဲ့ ခရီသည်တစ်ဦးရဲ့ အိတ်တစ်အိတ်ကို ဖွင့်ဖောက် စစ်ဆေးရင်း ကျည်ဆန်မတော်တဆထွက်သွားရတာပါ။ အဲဒီခရီးသည်က ကင်နီဝဲလ်စ်လို့အမည်ရပြီး အသက်၄၂နှစ်အရွယ်ရှိကင်နီဝဲလ်စ်ဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။

အရာရှိတွေက အိတ်ကိုဖွင့်တဲ့အခါ မစ္စတာဝဲလ်စ်က အိတ်ထဲက သေနတ်ကိုလက်လှမ်းပြီး ဆုပ်ကိုင်လိုက်တဲ့အချိန် ကျည်ဆံက မတော်တဆထွက်သွားတာဖြစ်ပါတယ်။သူဟာ လေဆိပ်ထွက်ပေါက်နေ ထွက်ပြေးသွားပါတယ်။ မစ္စတာဝဲလ်စ်ဟာ ဝရမ်းထုတ်ထားခံရသူတစ်ဦးဖြစ်တယ်လို့ ရဲကပြောပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် လေဆိပ်ထဲမှာ ခရီးသည်တွေဟာ ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြပါတယ်။ အချို့က ကြမ်းပြင်မှာ လှဲချလိုက်ကြပါတယ်။ သူတို့ဟာ အန္တရာယ်တစ်ခုခုဖြစ်နေတယ်လို့ထင်ပြီး ကိုယ့်ကိုကိုယ် အန္တရာယ်ကလွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ဗွီဒီယိုတွေ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ကုန်ပါတယ်။

နောက်ပိုင်းမှာ လေဆိပ်က လေယာဉ်ကွင်း အန္တရာယ်ကင်းရှင်းပြီလို့ကြေညာခဲ့ပါတယ်။ ထွက်ပြေးသွားသူတော့ စနေညအထိရှာဖွေနေဆဲဖြစ်ပါတယ်။

Source: Agencies