#WorldPolitics

Published - 19 November 2021

ဖိလစ်ပိုင်နိုင်ငံသမ္မတဖြစ်သူ ရော့ဒရီဂိုဒူတာတေးဟာ နောက်နှစ်သမ္မတရာထူးအတွက် ရွေးကောက်ပွဲယှဉ်ပြိုင်သွားမယ့်သူတွေထဲမှာ ကိုကင်းသုံးစွဲနေတဲ့လူတစ်ဦးရှိကြောင်း
ကြာသပတေးနေ့က တီဗီအစီအစဉ်တစ်ခုကနေ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းကြေညာသွားပါတယ်။

ဆေးခြောက်သုံးစွဲသူတွေနဲ့ ဖြန့်ချိရောင်းချနေသူတွေ ထောင်ပေါင်းများစွာကို အသက်ဆုံးရှံးစေခဲ့တဲ့ တရားမဝင်ဆေးဝါးတွေကို ဒူတာတေးကဦးဆောင်တိုက်ဖျက်လျက်ရှိပါတယ်။

ဒူတာတီက ရွေးကောက်ခံတွေထဲက ကိုကင်းသုံးစွဲနေသူရဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သလို သူ့ရဲ့ပြောဆိုချက်ကို ထောက်ခံဖို့လှုံ့ဆော်မှုတွေမလုပ်ခဲ့ပေမယ့် အဲဒီသူက အလွန်ညံ့ဖျင်းတဲ့ခေါင်းဆောင်သာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

နောက်နှစ်သမ္မတရွေးကောက်ပွဲအတွက် စာရင်းသွင်းထားသူ ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။
အခြေခံဥပဒေအရ တစ်ကြိမ်ရွေးချယ်တင်မြှောက်ခံရပြီးပါက နောက်တစ်ခါရွေးကောက်ခံခွင့်မရှိတော့တာကြောင့် အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးက သမ္မတရာထူးအတွက် ထပ်မံရွေးကောက်ခံခွင့် မရှိတော့ပါဘူး။

"သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့်သူတွေထဲမှာ ကိုကင်းသုံးစွဲနေသူတစ်ယောက် ရှိပါတယ်။ ဒီလူဘာလုပ်နေတာလဲ ကျွန်တော်စဉ်းစားနေတာ။ ဖိလစ်ပိုင်အတွက် သူဘာလုပ်ပေးဖူးလို့လဲ"လို့ ဒူတာတေးက အော်ရီယန်တယ်မင်ဒိုရိုဒေသမှာ မိန့်ခွန်းပြောကြားသွားပါတယ်။

"ဖိလစ်ပိုင်ပြည်သူတွေက ဘာလို့တခဲနက်အားပေးနေကြတာလဲ။ သိချင်လို့ မေးကြည့်တာပါ"လို့ ဒူတာတေးကပြောလိုက်ပြီး နောက်နှစ်မှာ လွှတ်တော်အမတ်တစ်နေရာအတွက် ဒူတာတေးက ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

သမ္မတကြီး ပြောတဲ့သူကဘယ်သူလဲဆိုတာနဲ့ အသေးစိတ်အကြောင်းအရာတွေ ရှင်းပြပေးဖို့ ရိုက်တာသတင်းဌာနက ဒူတာတေးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

"သူက အလွန်ညံ့ဖျင်းတဲ့ခေါင်းဆောင်ပါ။ သူအလွယ်တကူနိုင်ရင် နိုင်သွားနိုင်တယ်။ ဖိလစ်ပိုင်ပြည်သူတွေက အဲဒီလိုဖြစ်စေချင်နေတာဆိုရင် ဆက်အားပေးနေလိုက်ပါ"လို့ ဒူတာတေးက ပေါ်ပေါ်တင်တင်ပဲ မိန့်ခွန်းပြောကြားသွားပါတယ်။

"ဘာသတင်းမှ ထိမ်ချန်ထားချင်တာမျိုး မဟုတ်ပါဘူး။ ခင်ဗျားတို့သဘောအတိုင်းပါပဲ။ ဘယ်သူလဲဆိုတာ သိအောင်လုပ်ကြပါ"လို့ ပြောကြားသွားပါတယ်။
အဲဒီမိန့်ခွန်းမှာပဲ သူ့ဘေးမှာအချိန်အတော်ကြာအောင် လက်ထောက်အနေနဲ့ ကူညီပေးနေခဲ့ပြီး သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် ခရစ္စတိုဖာဘွန်ဂိုကို သူ့နေရာဆက်ခံသင့်တယ်လို့ ချီးကျူးပြောဆိုသွားပါတယ်။

သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မယ့် အခြားသူတွေကတော့ လက်ဝှေ့ကျော်ဟောင်းနဲ့ လက်ရှိလွှတ်တော်အမတ်ဖြစ်သူ မန်နီပက်ကွီအို၊ ဒုသမ္မတ လန်နီရိုဘရီဒို၊ မနီလာမြို့တော်ဝန် ဖရန်ဆစ္စကိုဒိုမာဂိုဆို၊ ရဲမှူးချုပ်ဟောင်းနဲ့ လွှတ်တော်အမတ်ဖြစ်သူ ပန်ဖီလီယိုလက်ခ်ဆန်၊ အရင်ဖိလစ်ပိုင်စစ်အာဏာရှင်ဟောင်းရဲ့ သားဖြစ်သူ ဖာဒီနန်မားကိုစ်ဂျူနီယာနဲ့ သူ့ရဲ့ပြိုင်ဘက် ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတီကာပီယိုတို့ဖြစ်ပါတယ်။
Source: Reuters