Published 19 Nov 2021

ဖဲယားဖက်စ်ခရိုင်မှာရှိတဲ့ ဗာဂျီးနီးယားဆေးဆိုင်တစ်ဆိုင်က အသက်၁၂နှစ်နှင့်အထက် ကလေးသူငယ်တွေကို ကိုဗစ်ကာကွယ် ဆေး မှားယွင်းစွာထိုးပေးမိခဲ့တယ်လို့သိရပါတယ်။

လောတွန်မှာရှိတဲ့ ကေစီဆေးဆိုင်ဟာ အသက်၁၂နှစ်နှင့်အထက် ကလေးငယ်တွေ ထိုးပေးဖို့ ဖော်စပ်ထားတဲ့ ကိုဗစ်ဆေးကို အသက်၅နှစ်နှင့် ၁၁နှစ်အကြား ကလေးသူငယ်တွေကို မှားယွင်းစွာထိုးပေးမိခဲ့တယ်လို့ ဖဲယားဖက်စ်ခရိုင်ကျန်းမာရေးဌာနနှင့် ဗာဂျီးနီးယားကျန်းမာရေးဌာနတို့က ပြောပါတယ်။ အဲသလိုမှားယွင်းမှုကို နိုဝင်ဘာ ၂ရက်နှင့် ၁၀ရက်အကြားမှာ ဖြစ်ပေါ်ခဲ့တာ လို့ဆိုပါတယ်။

ကလေးငယ်၂၅ဦးဟာ ၁၀မိုက်ခရိုဂရမ်ရှိတဲ့ ဖိုင်ဇာကာကွယ်ဆေးကို ထိုးနှံခံခဲ့ကြရပါတယ်။ အဲဒီဖော်မြူလာကို အသက်၁၂နှစ် နှင့် အထက်ကလေးငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ အသက်၅နှစ်နှင့် ၁၁နှစ်အကြား အုပ်စုအတွက် ဆေးတွေကို လိမ္မော်ရောင်အဖုံးလေးနှင့် လိမ္မော်ရောင်လေဘယ်လ်လိုင်းနှင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီဆေးကို သုံးပတ်ခြားပြီး နှစ်ကြိမ်ထိုးဖို့ လုပ်ထားတာပါ။ အသက်၁၂နှစ်နှင့်အထက်ကလေးတွေက ၃၀မိုက်ခရိုဂရမ်ပါတဲ့ ကာကွယ်ဆေးကို ထိုးနှံကြရတာဖြစ်ပါတယ်။

ကျန်းမာရေးဌာနက ကလေးတွေရဲ့မိသားစုတွေထံ လမ်းညွှန်ချက်တွေပေးပို့ခဲ့ပါတယ်။ မှားယွင်းတဲ့ဆေးထိုးပြီးနောက် ၂၁ရက် အနည်းဆုံးစောင့်ဆိုင်း ပြီးမှ ကာကွယ်ဆေးကို ပြန်ထိုးနှံခြင်း သို့မဟုတ် သတ်မှတ်အချိန်အတိုင်း ဒုတိယမြောက်ဆေးကို ထိုးနှံခြင်း ပြုလုပ်နိုင်ကြမှာဖြစ်ပါတယ်။

ဆေးထိုးပေးတဲ့ ကေစီဆေးဆိုင်ကို ကာကွယ်ဆေးထိုးနံအစီအစဉ်ကနေထုတ်ပယ်ပစ်လိုက်ပါတယ်။ ဗာဂျီးနီးယား ဆေးဆိုင် ဘုတ်အဖွဲ့က အဲဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ပြောပါတယ်။

ကလေးတွေရဲ့ ဘေးထွက်လက္ခဏာတွေကို စောင့်ကြည့်ဖို့ မိသားစုတွေကိုပြောထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ဗာဂျီးနီယား၊လိုဒေါင်ခရိုင်ဆေးဆိုင်တစ်ခုက ကလေးငယ်၁၀၀ခန့်ကို အသက်၁၂နှစ်အောက်အတွက် သီးခြားထုတ်ထားတဲ့ဆေးပေးရမယ့်အစား ဆေးပမာဏနည်းတဲ့ လူကြီးတွေထိုးတဲ့ဆေးကို မှားယွင်းထိုးမိခဲ့ပါသေးတယ်။  မာရီလန်းက မူလတန်းကျောင်းတစ်ကျောင်းမှာလည်း ကလေးငယ်တွေကို ရေရောပြီးအားပျော့နေတဲ့ ကာကွယ်ဆေးတွေ မှားထိုးမိခဲတာရှိခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Source: WTOPNEWS