Published- 17 Nov 2021

ဖိုင်ဇာက ယင်းရဲ့ ကိုဗစ်-၁၉ ကုသသောက်ဆေးကို အခြားသော ဆေးဝါးထုတ်လုပ်သူတွေကို ထုတ်လုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်စုတစ်စုနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲဒါကြောင့် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ကို သောက်ဆေးတွေနှင့်ကုသနိုင်မယ့် အခွင့်အရေးကို ဦးတည်သွားပြီဖြစ်တယ်လို့ အေပီကရေးသားပါတယ်။

 

ဂျီနီဗာအခြေစိုက် Patent Pool ပေးတင့်ပူးလ်ကို ဖိုင်ဇာက လိုင်စင်ထုတ်ပေးလိုက်တာဖြစ်ပြီး ပေးတင့်ပူးလ်က အခြားသော ဆေးဝါးကုမ္ပဏီတွေအနေနှင့် နိုင်ငံပေါင်း၉၅နိုင်ငံမှာ အသုံးပြုနိုင်ဖို့ ဆေးတွေထုတ်ခွင့်ဆက်ပေးမှာလို့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။အဲသလိုဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၅၃ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။

 

“ အစွမ်းထက်ပုံရပြီး ထုတ်လုပ်ကာစ ဒီဆေးကို လူဦးရေ၄ဘီလျံကျော် အသုံးပြုနိုင်ဖို့ လုပ်ဆောင်ခွင့်ရတာ သိပ်ပြီး သိသာထင်ရှားအရေးပါမှု တစ်ခုဖြစ်ပါတယ်” လို့  ပေးတင့်ပူးလ်ရဲ့ မူဝါဒအကြီးအကဲ အက်စတီဘတ်ဘာရွန်က ပြောပါတယ်။

 

ဆေးဝါးထုတ်လုပ်သူတွေဟာ သူတို့ဆေးကို လအနည်းငယ်အတွငင်း စတင်ထုတ်လုပ်နိုင်လိမ့်မယ်လို့ သူကခန့်မှန်းထားပါတယ်။  ဒါပေမယ့် ဒီသဘောတူညီချက်ဟာာ အာလုံးကိုတော့ ကျေနပ်စေမှာမဟုတ်ဘူး လို့သူက အသိပေးပါတယ်။

 

သဘောတူညီချက်အရ ဝင်ငွေနိမ့်နိုင်ငံတွေနှင့် ကိုဗစ်-၁၉ကို ပြည်သူ့ ကျန်းမာရေးအရေးပေါ်သဘောတူညီချက်နှင့်အကျုံးဝင်တဲ့ နိုင်ငံတွေအားလုံးမှာ ရောင်းချရတာတွေထဲက  ဖ မူပိုင်ခ တစ်ပြားတစ်ချပ်မှ ဖိုင်ဇာက ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါအပျော့စားနှင့် အလတ်စားခံစာနေရသူတွေ ဆေးရုံတက်ရခြေနှင့် သေဆုံးခြေကို ၉၀ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်လို့ ဒီလစောစောပိုင်းမှာ ဖိုင်ဇာကပြောထားပါတယ်။

သူ့ဆေးကို အမေရိက်ဆေးဝါးအဖွဲ့နှင့် အခြားနိုင်ငံတွေက အဖွဲ့တွေ ဆောနိုင်သမျှစောစော အတည်ပြုပေးဖို့ တောင်းဆိုမယ်လို့ဆိုပါတယ်။

 

ဖိုင်ဇာရဲ့ သဘောတူညီချက်က တစ်ကမ္ဘာလုံးကို လွှမ်းခြုံမှုမရှိလို့ စိတ်မကောင်းဖြစ်မိတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ သူတို့ရဲ့သဘောတူညီချက်ထဲမှာ တရုတ်၊အာဂျင်တီးနားနှင့် ထိုင်းတို့ကို ချန်လှပ်ထားခဲ့တာပါ။

အခုထက်ထိတော့ ဖိုင်ဇဦကာကွယ်ဆေးတွေရဲ့ တစ်ရာခိုင်နှုန်းအောက်ပဲ ဆင်းရဲတဲ့နိုင်ငံတွေဆီ ရောက်ပါသေးတယ်။

 

Source AP