#WorldHealth

Published - 16  November 2021

အိပ်ပျော်နေစဉ် အသက်ရှူရာမှာအခက်အခဲဖြစ်တတ်ပြီး အသက်ရှူလမ်းကြောင်းပိတ်တတ်တဲ့သူတွေမှာ အောက်ဆီဂျင်ပမာဏလျော့နည်းလာနိုင်ပြီး ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားရနိုင်ချေရှိကြောင်း သုတေသီတို့က ဆိုပါတယ်။

အိပ်ပျော်စဉ်မှာ အသက်ရှူလမ်းကြောင်းပိတ်တဲ့ဝေဒနာ ခံစားနေရတဲ့ အရွယ်ရောက်ပြီးသူ ၅၄၀၂ ဦးကို လေ့လာရာ ၃ ပုံ ၁ ပုံခန့်က ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှူကျပ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏလျော့နည်းလာမှုကြောင့် ကိုဗစ်ရောဂါကူးစက်ခြေ မြင့်မားလာခြင်းမရှိပေမယ့် ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံရခြင်းနဲ့ အသက်သေဆုံးမှုကိုတော့ မြင့်မားလာစေတယ်လို့ ကလိဗ်လန်းဆေးရုံမှ ဒေါက်တာ Cinthya Pena Orbea နဲ့ Reena Mehra တို့အဖွဲ့က JAMA ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှူရခက်ခဲတဲ့ လူနာတွေမှာ စက်ပစ္စည်းကိရိယာအကူအညီနဲ့ လူနာအသက်ရှူလမ်းကြောင်းထဲကို လေထည့်သွင်းကုသခြင်းနည်းလမ်းမျိုးတွေက ကိုဗစ်ရောဂါပြင်းထန်စွာခံစားရမှုကို သက်သာစေသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူးလို့ Pena Orbea နဲ့ Mehra တို့က ဆိုပါတယ်။
Source: Reuters