Published 14 Nov 2021

ဂျပန်နိုင်ငံဘုရင်မင်းမြတ်ရဲ့ တူမတော်တဲ့ တော်ဝင်မင်းသမီးဟောင်း မာကိုဟာ  ဘဝသစ်စဖို့ လက်ထပ်ပြီးစ ခင်ပွန်းဖြစ်သူနှင့်အတူ အမေရိကန်ပြည်ထောင်စုကို နိုဝင်ဘာ ၁၄ရက် တနင်္ဂနွေနေ့က လေယာဉ်နှင့် ထွက်ခွာသွားခဲ့ပါပြီ

သူမရဲ့ ကောလိပ်တုန်းက ချစ်သူ ကေကိုမူရိုနှင့် ပြီးခဲ့တဲ့လက လက်ထပ်ဖို့အတွက် သူမဟာ တော်ဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ပါတယ်။အဲဒီနောက် မာကိုကိုမူရိုလို့ ခေါ်ဝေါ်စေခဲ့ပါတယ်။ အသက်၃၀ ဝန်းကျင်အရွယ် ချစ်ကြင်စ ဇနီးမောင်နှံနှစ်ဦးဟာ တိုကျိုရဲ့ ဟန်နီဒါ နိင်ငံတကာလေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေကို ဖြတ်ကျော်ရင်း နယူးယောက်ကို ထွက်ခွာမယ့် ANA လေကြောင်းလိုင်းခရီးစဉ်နှင့် ထွက်ခွာသွားခဲ့ကြပါတယ်။

လေယာဉ်ဟာ လေဆိပ်ကထွက်ခွာတဲ့အခါ ဆုမွန်ကောင်းတောင်းပေးသူတွေက လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါတယ်။

Source AFP