Published 12 Nov 2021

ရက်သတ္တပတ်သားကလေးသာရှိသေးတဲ့ သစ်ကျုတ်ပေါက်ကလေးတွေဟာ ကလေးနို့ဘူးတွေကို စို့နေကြပါတယ်။ သူတို့က အားပျော့တဲ့ ကြောင်ညည်းသံကလေးတွေပေးနေပါတယ်။ သူတို့ရဲ့အခြေအနေတွေက စိုးရိမ်ရတုန်းပါ။ သူတို့ကို  တရားမဝင် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေလုပ်နေကြတဲ့ အာဖရိက ဦးချိုဒေသကနေ ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း သစ်ကျုတ်ပေါက်ကလေးတွေ အကောင်၃၀၀ခန့်ဟာ ဆိုမာလီယာကနေ တောင်ရိုင်းသတ္တဝါတွေရှာနေကြတဲ့ အရှေ့အလယ်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ ဝယ်သူတွေထံ ခိုးထုတ်ခံနေကြရတဲ့အကြောင်း ရုပ်သံသတင်းတင်ဆက်ထားပါတယ်။